0

သီဟနိုင်

အသက် ၆၄နှစ်ရှိပြီဖြစ်တဲ့ အဖွားတစ်ယောက်ဟာ သွားအချောင်း (၂၀) ကို ရှုပ်ထွေးလှတဲ့ လုပ်ငန်းစဉ်တွေနဲ့အတူ တခါတည်းအနှုတ်ခံနေတုန်း သွားဆရာဝန်ရဲ့ ထိုင်ခုံမှတင် အသိပျောက်သွားခဲ့ပါတယ်။ အဲ့ဒီ့အဖွားဟာ နောက် တစ်နာရီအကြာမှာပဲ ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

စာကြည့်တိုက်မှူးဟောင်း၊ ကလေးနှစ်ယောက်မိခင်၊ အဖွားဖြစ်သူ Judy Ganဟာ သွားနှုတ်တာအပါအ၀င် သွားစိုက်တာ၊ သွားကိုင်းဆက်တာတွေကို အမေရိကန်၊ Connecticut ပြည်နယ်က သွားဆရာဝန် ဒေါက်တာ Patelရဲ့ ကုသမှုခံယူခဲ့တာပါ။

လက်ရှိသွားဆရာဝန် အကူနှစ်ယောက်ဟာ ဒေါက်တာ Rashmi Patel က သူ့လူနာတွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရအောင်လုပ်နေတာတွေကို ရပ်ဖို့ တောင်းပန်ခဲ့ကြပါသေးတယ်။ ဒေါက်တာ Patel ဟာ အဲ့ဒီ့ပြည်နယ်မှာ သွားဆရာဝန်အဖြစ်လုပ်ကိုင်နေခဲ့တာ ၁၁နှစ် ရှိပါပြီ။ သူ့ရဲ့အကူကနေ ကုသမှုလုပ်ငန်းစဉ်တွေကို ရပ်ပစ်ခိုင်းတာကို သူက ငြင်းပယ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ သူ့အကူဟာ 911 ကိုဖုန်းဆက်တာတောင်၊ အဖွား Gan ခဏနိုးလာပြီး ရပ်ခိုင်းတာတောင် သူ ဆက်လက်လုပ်ဆောင်နေခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာ Patelရဲ့ ဆေးကုလိုင်စင်ကို Connecticut ပြည်နယ် သွားဆရာဝန် ကော်မရှင်အဖွဲ့က ရပ်ဆိုင်းထားလိုက်ပါပြီ။

သွားဆရာဝန်လာပြတဲ့ တစ်ကြိမ်ထဲမှာ သွားတွေကို မတော်သရော် နှုတ်လိုက်လို့ သူ့လူနာရဲ့ အောက်ဆီဂျင် ပမာဏ ကျသွားတာကို ကောင်းကောင်း မတုံ့ပြန်ခဲ့ဘူးလို့လည်း သူ့ကို တရားစွဲထားပါတယ်။

အဖွား Gan သေဆုံးမှုကို ဖြစ်သွားစေခဲ့တဲ့ သွားဆရာဝန် Patelရဲ့ လုပ်ဆောင်မှုတွေကို ပြည်နယ်အစိုးရက တရားစွဲဆိုထားပြီး ဇွန် ၁၈ရက်မှာလုပ်မယ့် ကြားနာမှုမှာ ဒေါက်တာ Patelရဲ့ လိုင်စင်ကို အပြီးအပိုင်ရပ်ဆိုင်းသွားဖို့ အလားအလာရှိတယ်လို့ သိရပါတယ်။

Ref:dailymail.co.uk

ACM Credit To:Trend Myanmar
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့် သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top