Published on: May 14, 2014
Written by: ဇာလီမြင့်ဦး
ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) မှ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် မြို့နယ်ငါးခုတွင် အောင်နိုင်ရေးကော်မတီ အပါအ၀င် ပါတီရုံးခွဲများ ဦးစွာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါပါတီမှ သိရသည်။
“ကျွန်တော်တို့ ၂၀ ကျော်လောက်မှာ CEC အစည်းအဝေးလုပ်မယ်။ မြို့နယ် တော်တော်များများကလည်း အခုရုံးခွဲတွေဖွင့်ဖို့ ပြောနေကြတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက် အစည်းအဝေးကျရင် မြို့နယ်ရုံးခွဲဖွင့်ဖို့ရယ်၊ ရုံးချုပ်ဖွင့်ဖို့ရယ် အဲ့ဒါတွေကို တစိုက်မတ်မတ် လုပ်ဖို့ရယ်။ နောက်ရွေးကောက်ပွဲနဲ့ ရှေ့လုပ်ငန်းစဉ်တွေ လုပ်ဖို့ရယ်၊ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဖွဲ့မယ်။ နောက် ဆပ်ကော်မတီတွေ ထပ်ဖွဲ့စရာရှိတယ်။ ဥပမာ တောင်သူလယ်သမားနဲ့ ပတ်သက်တဲ့ ဆပ်ကော်မတီ၊ အလုပ်သမားနဲ့ပတ်သက်တဲ့ ဆပ်ကော်မတီတွေလိုတွေ ဆက်ဖွဲ့မယ်။ ဆရာတော့ လောလောဆယ် ကြားဖြတ်ရွေးကောက်ပွဲကတော့ ငါးနေရာ လျာထားတယ်။ ရန်ကုန်တိုင်းမှာ လေးနေရာရယ်၊ မန္တလေးမှာ တစ်နေရာဝင်မယ်။ ဦးဆုံးတော့ ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် မြို့တွေမှာ မြို့နယ်ရုံးခွဲတွေ အရင်ဖွင့်လှစ်သွားဖို့ စီစဉ်နေတယ်” ဟု အဆိုပါပါတီမှ ဒုတိယခေါင်းဆောင် ဦးစိုင်းစောသန်းမြင့်က ဆိုသည်။
ဖက်ဒရယ်ပြည်ထောင်စုပါတီကို ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၂၀၁၃ နှစ်ကုန်ပိုင်းက ပါတီမှတ်ပုံတင်ခွင့် ကျခဲ့ခြင်းဖြစ်သည်။
ဖက်ဒရယ်ပြည်ထောင်စုပါတီ အနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ ၀င်ရောက်ယှဉ်ပြိုင်မှု မရှိသည့် မဲဆန္ဒနယ် အများစုတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ၂၀၂၀ ရွေးကောက်ပွဲတွင် အင်အားအကြီးဆုံးပါတီဖြစ်ရန် ရည်ရွယ်ကြောင်း အဆိုပါပါတီ ခေါင်းဆောင်များက ပြောကြားထားသည်။
Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment