★မသိနားမလည်သူတွေ
အမှားကျူးလွန်တတ်တာလည်း
သဘာဝပါပဲ။
★ ကာမဂုဏ်မရောင့်ရဲသူတွေ
လူမှုရေးဖောက်ပြန်တတ်တာလည်း
သဘာဝပါပဲ။
သဘာဝဟာ သဘာဝပါပဲ လို့
သဘောပေါက်ရင် ဘယ်သူ့အပေါ်မှာမှ
ခွင့်မလွတ်နိုင်စရာ
အကြောင်းမရှိပါဘူး။
★ အမှားကျူးလွန်သူအပေါ်
သူမသိနားမလည်လို့ မှားတာပဲလို့
နှလုံးသွင်းလိုက်ရင်
အဆိုးလုပ်မိသူအပေါ်
ဒီလိုလူမျိုးက ဒီလိုပဲ လုပ်မှာပေါ့
သို့မဟုတ်
★ ဒီလိုအခြေအနေမျိုးမှာ
ဒီလိုပဲဖြစ်တတ်ပါတယ် လို့
နှလုံးသွင်းလိုက်ရင် ဘယ်သူ့အပေါ်မှာမှ
မကျေမနပ်ဖြစ်နေစရာ
မလိုတော့ဘူး။
{အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)}
(စိတ်အားဖြည့်ဓမ္မနေခြည်စာ-၅၂)
Aye Chan Mon# Credit To :နှလုံးသားအာဟာရ
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment