0

ရန်ကုန်၊ မေ ၁၃

၁၃.၅.၂၀၁၄ရက်နေ့ ၀၄၃၀အချိန်ခန့်တွင် တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ ဗညားဒလလမ်းတွင် နေအိမ်တိုက်ခန်း(၄)လွှာပေါ်မှ အမျိုးသား
တစ်ဦး ခုန်ချခဲ့၍ သေဆုံးနေကြောင်းသတင်းအရသွားရောက်
စစ်ဆေးရာ သေဆုံးသူမှာ ကျော်ကျော်မင်း (၂၈)နှစ် ဖြစ်ပြီး ၎င်းတွင် ယာမျက်ခုံး၊ မေးစေ့၊ ယာဒူးတို့၌စုတ်ပြဲဒဏ်ရာများ၊ ပါးစပ်နှင့် ၀ဲ/ယာနားတို့မှ သွေးထွက်ဒဏ်ရာများ၊ ယာမျက်လုံး၊ လည်ပင်း တို့၌ဖူးရောင်ညိုမဲဒဏ်ရာများရရှိထားသည်ကို တွေ့ရှိခဲ့ရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် စိတ်ကျန်းမာရေးမကောင်းသူဖြစ်ပြီး
မိခင်နှင့် အတူနေထိုင်သူဖြစ်ကြောင်း၊ အခင်းဖြစ်ချိန်က စိတ်ဖောက်
ပြန်ကာ တိုက်ပေါ်မှခုန်ချခဲ့သဖြင့် သေဆုံးခြင်းဖြစ်ကြောင်း
သိရှိရပါသည်။

၎င်းသေဆုံးခြင်းနှင့်ပတ်သက်၍ တာမွေမြို့မရဲစခန်းသေမှုသေခင်း အမှတ်စဉ်(၉/၂၀၁၄)ဖြင့်ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Aye Chan Mon# Credit To :Yangon Police
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top