မုန်းတီးတဲ့လူတွေကြောင့် ကိုယ့်ကိုချစ်တဲ့သူတွေကို ပိုလေးနက်ပေါ်လွင်စေတယ်
သင့်ကို မနာလိုဖြစ်နေတဲ့လူတွေကို ကျေးဇူးတင်လိုက်ပါ
မနာလိုဖြစ်တဲ့သူတွေကြောင့် ကိုယ့်ကို ဖေးမကူညီသူတွေကို ပေါ်လွင်စေတယ်
သင့်ကို နိမ့်ကျအောင်ပြုလုပ်ခဲ့သူတွေကို ကျေးဇူးတင်လိုက်ပါ
နိမ့်ကျအောင်ပြုလုပ်ခဲ့သူကြောင့် အမြင့်ကို ဘယ်လိုတက်ရမလဲ သင်သိလာရတယ်
သင့်ကို ကောက်ကျစ်လိမ်ညာသူတွေကို ကျေးဇူးတင်လိုက်ပါ
ကောက်ကျစ်လိမ်ညာသူတွေကြောင့် ရိုးသားမှုရဲ့တန်ဖိုးကို သင်ပိုသိလာရတယ်
သင့်ကို နာကျင် စေတဲ့သူတွေကို ကျေးဇူးတင်လိုက်ပါ
နာကျင်စေတဲ့သူတွေကြောင့် လောကကြီးကိုဖြတ်သန်းဖို့ သင်ပိုကြံ့ခိုင်လာရတယ်
သင့်ကို အထင်အမြင်သေးစက်ဆုပ်ရွံ့ရှာစွာ ဆက်ဆံသူတွေ ကို ကျေးဇူးတင်လိုက်ပါ
အထင်အမြင်သေး စက်ဆုပ်ရွံ့ရှာစွာ ဆက်ဆံသူတွေကြောင့် လေးစားတတ်မှု တန်ဖိုးကို သင်ပိုသိလာရတယ်
သင့်ကို လွှတ်ချခဲ့သူတွေကို ကျေးဇူးတင်လိုက်ပါ
လွှတ်ချခဲ့သူကြောင့် သင့်ကိုယ်သင် အားကိုးယုံကြည်ချက်တွေပိုရှိလာလိမ့်မယ်။
သက်တန့်ချို
Aye Chan Mon# Credit To :သက်တန့်ချို
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.