0
နိုင်ဂျီးရီးယား ဘိုကိုဟာရမ် အဖွဲ့က နောက်ဆုံး ထုတ်လိုက်တဲ့ ဗီဒီယိုမှာ သူတို့ ပြန်ပေးဆွဲထားတဲ့ ကျောင်းသူ ၃၀၀ နီးပါးကို ပြသပါတယ်၊ သူတို့တွေကို အစ္စလာမ်ဘာသာကို ပြောင်းလဲ ခိုင်းထားတယ် လို့လည်း ပြောပါတယ်။

AFP သတင်းဌာနက ထုတ်ပြန်တဲ့ သတင်းအရ ကျောင်းသူတွေကို ပြန်လွှတ်ပေးစေချင်ရင် နိုင်ဂျီရီးယား အစိုးရက အကြမ်းဖက်စွပ်စွဲချက်နဲ့ ဖမ်းထားတဲ့ ဘိုကိုဟာရမ် အကြမ်းဖက် အဖွဲ့ဝင်အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ရဲတွေရဲ့ အဆိုအရ ဧပြီလ ၁၄ ရက်နေ့က နိုင်ငံ အရှေ့မြောက်ပိုင်း ကင်မရွန်းနဲ့ နယ်စပ် ချီဘွခ် ရွာကနေ ကျောင်းသူ ၂၇၆ ယောက်ကို ဘိုကိုဟာရမ် အဖွဲ့က ပြန်ပေးဆွဲသွားတယ်လို့ ဆိုပါတယ်။

ကျောင်းသူတွေထဲမှာ တော်တော်များများက ခရစ်ယာန်တွေ ဖြစ်ပါတယ်၊
သူတို့ထဲက ငါးဆယ်က ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျောင်းသူတွေထဲက ၂၂၃ ယောက်က ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဒီလအစောပိုင်းမှာ ဘိုကိုဟာရမ် အဖွဲ့ ခေါင်းဆောင် အာဘူဘာကာ ချီခူက မိန်းကလေးငယ်တွေကို ရောင်းစားမယ်လို့ ခြိမ်းခြောက်ခဲ့ပြီးနောက် ကုလသမဂ္ဂက အပြစ်ကျူးလွန်သူတွေဟာ စစ်ရာဇ၀တ်မှုနဲ့ အရေးယူခံရမယ်လို့ သတိပေးထားပါတယ်၊

Video courtesy Sky News

Aye Chan Mon# Credit To :DVB TV News
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

 
Top