ရန်ကုန်၊ မေ ၈
၇.၅.၂၀၁၄ ရက်နေ့ ၁၅၁၅ အချိန်တွင် ကြည့်မြင်တိုင်မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ကြည့်မြင်တိုင် မြို့နယ်၊ ထီးတန်းရပ်ကွက်၊ ထီးတန်းဆိပ်ကမ်းဝင်းအတွင်း၌ အမျိုးသား(၂)ဦး ကွန်တိန်နာ
သေတ္တာပိမိ၍ သေဆုံးကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ
သေဆုံးသူများမှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း
မြို့နယ်နေ ယာဉ်နောက်လိုက်များဖြစ်ကြသော သက်ပိုင်ဖြိုးနိုင်ဦး၊ (၁၇)နှစ်နှင့် မောင်ဇော်၊ (၂၀)နှစ်တို့(၂)ဦးဖြစ်ပြီး ၎င်းတို့တွင်
နှတံရိုးကျိုး၊ လက်ကျိုး၊ လက်မောင်းနှင့် ပုခုံးတို့တွင် ညိုမဲဒဏ်ရာများ
ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ အဆိုပါဆိပ်ကမ်းဝင်းအတွင်းရှိ ကွန်တိန်နာ
သေတ္တာများ အတင်အချပြုလုပ်သည့် ယန္တယားအား ထွန်းအောင်ရွှေ၊ (၂၇)နှစ်၊ (ဘ)ဦးထွန်းရှင်၊ မြောက်ဥက္ကလာပမြို့နယ်နေသူမှ
မောင်းနှင်ပြီး ကွန်တိန်နာသေတ္တာအားချစဉ် ကွန်တိန်နာသေတ္တာများ
ကြား၌အိပ်ပျော်နေသော ၎င်းတို့(၂)ဦးကိုပိမိသဖြင့် သေဆုံးခဲ့ခြင်း
ဖြစ်ကြောင်းသိရှိရပါသည်။
၎င်းတို့(၂)ဦးသေဆုံးခြင်းနှင့်ပတ်သက်၍ ယန္တယားမောင်းသူ ထွန်းအောင်ရွှေအား ကြည့်မြင်တိုင်မြို့မ ရဲစခန်း (ပ)၂၉၄ /၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Aye Chan Mon# Credit To :Yangon Police
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.