0

ACM Re-Post 24-4-2014

ယူကရိန်းမှ ခွဲထွက်ရန် ကြိုးပမ်းလျက် ရှိသော ယူကရိန်းအရှေ့ပိုင်း ဒေသရှိ ဒိုနက်စ်ပြည်နယ်တွင် ယူကရိန်း အစိုးရတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ်ကို အမည်မသိ လက်နက်ကိုင်များက တိုက်ခိုက်ခဲ့ခြင်းကြောင့် ယူကရိန်းတပ်ဖွဲ့ဝင် ၁၄ ဦး ကျဆုံးသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်း အရှေ့ပိုင်းဒေသ နေရာလေးခုတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒိုနက်စ်ပြည်နယ် ဗိုနိုဗာခါ ဧရိယာရှိ အစိုးရတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ်ကို လက်နက်ကိုင်များ၏ တိုက်ခိုက်မှုတွင် အစိုးရတပ်ဖွဲ့ဝင် ၁၄ ဦး ကျဆုံးသွားခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲ ဖြစ်ပွားရာ နေရာတွင် မီးလောင်ကျွမ်းထားသော တင့်ကား သုံးစင်းနှင့် လော်ရီကားများကို တွေ့ရကြောင်း အေပီသတင်းဌာနမှ ရိုက်ကူးထားသော ဓာတ်ပုံများတွင် တွေ့ရသည်။

ယခု တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က ပြုလုပ်ခြင်း ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း၊ ယခု တိုက်ခိုက်မှုကို ရုရှား လိုလားသော လက်နက်ကိုင်တပ်ဖွဲ့က တိုက်ခိုက်ခြင်း မဟုတ်ကြောင်း ယူကရိန်းစစ်တပ် အရာရှိတစ်ဦးက ပြောကြားသည်။

ယူကရိန်းနိုင်ငံတွင် သမ္မတ ရွေးကောက်ပွဲ ကျင်းပမည့်ရက် နီးကပ်လာပြီ ဖြစ်ရာ ရွေးကောက်ပွဲ မတိုင်မီ သုံးရက်အလိုတွင် ယခု တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ယခု တိုက်ခိုက်မှု အပြီးတွင် ယူကရိန်း ကြားဖြတ်ဝန်ကြီးချုပ် Arsen Yatseniuk က ယူကရိန်းအရှေ့ပိုင်း တိုက်ခိုက်မှုများတွင် ရုရှားတပ်ဖွဲ့များ ပတ်သက်နေသည့် အထောက်အထားများ ရှိကြောင်း ပြောကြားခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ကျင်းပရန် တိုက်တွန်း ပြောကြားခဲ့သည်။

ယူကရိန်းနှင့် ရုရှားနယ်စပ်တွင် ရှိသော ရုရှား တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုအရ ရုရှားတပ်ဖွဲ့ဝင်များ တပ်ဆုတ်ရန် ပြင်ဆင်နေခြင်း ဖြစ်ဖွယ်ရှိသည်ဟု နေတိုးတပ်ဖွဲ့ အကြီးအမှူး အန်ဒါဖော့ရာမူဆန်က ၎င်း၏ Twitter အကောင့်တွင် ရေးသားထားသည်။

ယူကရိန်းနယ်စပ်ရှိ ရုရှားတပ်သား ၄၀,၀၀၀ ခန့်ကို ပြန်လည်ဆုတ်ခွာရန် ရုရှားသမ္မတ ပူတင်က ယခုသီတင်းပတ် အစောပိုင်းတွင် အမိန်ပေးခဲ့ရာ ရုရှားစစ်တပ်များ ယူကရိန်းနယ်စပ်မှ ဆုတ်ခွာခြင်းသည် ယူကရိန်း အကျပ်အတည်း လျော့ပါးစေရန် အထောက်အကူ ပေးနိုင်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ACM Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top