ဘာဖြစ်လို့ နောင်တအမုန်းတွေနဲ့ ဒီကနေ့ရဲ့စိတ်ကို နာကျင်စေမလဲ၊
မကျေမနပ်ညည်းတွားပေါက်ကွဲတာက တစ်ခါတရံမှာ လိုအပ်ပါတယ်။
ဒါပေမဲ့ မနားတမ်း၊ မကြာခဏ ညည်းတွားတာတွေက စိတ်ကို ပိုရှုပ်စေသလို
ကိုယ်အသုံးမကျတာတွေ တခြားလူကို လှစ်ဟပြနေတာနဲ့တူပါတယ်။
မကျေမနပ်ညည်းတွားတယ်ဆိုတာ ဘဝကိုတုံးစေတဲ့ အပျက်ဆောင် စိတ်နေစိတ်ထားဖြစ်တယ်။
ညည်းတွားတာကို အကျင့်တစ်ခုလို စွဲစွဲမြဲမြဲကျင့်သုံးတာဟာ နေရောင်မရှိတဲ့ဘဝနဲ့ တူပါတယ်။
မှုန်မှုန်မှိန်းမှိန်းနဲ့ ကိုယ့်အတွက် ကောင်းတဲ့ခံစားချက်ကိုမပေးသလို ကိုယ့်ဘေးကလူတွေကိုလည်း အမြင်မကြည် ဖြစ်စေတတ်ပါတယ်။
မကျေမနပ်ညည်းတွားတယ်ဆိုတာ ဘာကောင်းကျိုးမှ မရှိပါဘူး။ အကောင်းမြင်ပျော်ရွှင်တဲ့စိတ် ထားတတ်ဖို့က ပိုအရေးကြီးပါတယ်။
အားလုံး မင်္ဂလာမနက်ခင်းပါ......
.
ACM Credit To: Nine Nine Sanay @ နိုင်းနိုင်းစနေ
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment