0

Published on: May 10, 2014
Written by: နန်းစုနှင်းထွေး

မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံးရှိရာ ထိုင်းနိုင်ငံ မဲဆောက်အပါအဝင် တာ့ခရိုင် ကိုးမြို့နယ်သည် တစ်ဦးချင်းဝင်ငွေ အနည်းပါးဆုံးနှင့် အခွင့်အရေး ချိုးဖောက်ခံရဆုံးဒေသဖြစ်ကြောင်း ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းများ၏ အစီရင်ခံစာအရ သိရသည်။

အဆိုပါ အစီရင်ခံစာကို ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုဝန်ကြီးတို့ မေ ၈ ရက်က ထိုင်းနိုင်ငံ မဲဆောက်၌ တွေ့ဆုံစဉ် အလုပ်သမားအဖွဲ့အစည်းများက ရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသည့် ပြဿ နာများကို ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မဲဆောက်အပါအဝင် တာ့ခရိုင် ကိုးမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူ ရေးလုပ်ငန်း၊ အိမ်ဖော်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကျပန်းလုပ်ငန်း စသည့် လုပ်ငန်းသဘာဝမျိုးစုံရှိကြောင်း၊ သို့ရာတွင် ယင်းဒေသတွင် အလုပ် လုပ်ကိုင်သည့် မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအလုပ်သမားအခွင့်အရေးနှင့် လူမှုဖူလုံရေး အက်ဥပဒေတွင် ပါဝင်သည့် အလုပ်သမားအခွင့်အရေးများကို အပြည့်အဝမရရှိသော ဒေသဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထိုင်းဥပဒေပါ နေ့စားခ ဘတ် ၃ဝဝ သည် မဲဆောက်အပါအဝင် တော့ခရိုင် ကိုးမြို့နယ်နှင့် မဆိုင်သလိုဖြစ်နေကြောင်း၊ နေ့စဉ်လုပ်အားခ အပြည့်အဝမရရှိမှု၊ အလုပ်သမားပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ချိန်၌ မဲဆောက်မြို့နယ်နှင့် တာ့ခရိုင် အလုပ်သမားကာကွယ်ရေးရုံးသို့ ဆက်သွယ်တိုင်ကြားရာ၌ အချိန်ကြာမြင့်နေမှု၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာ ရရှိပါက လျော်ကြေးရရှိရန်ခက်ခဲမှု၊ မတော်တဆအမှုများဖြစ်ပွားပါ က အမှုရင်ဆိုင်ရာ၌ အချိန်ကြာမြင့်ခြင်းတို့ကို မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကြုံတွေ့နေရကြောင်း အစီရင်ခံစာအရ သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးသန်းကျော် လေးသန်းနီးပါးရှိပြီး ထက်ဝက်ခန့်သည် အထောက်အထားမရှိသည့် တရားမဝင် အလုပ်သမားများဖြစ်ကြောင်းလည်း သိရသည်

-မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားပေါ်မှ ထိုင်းနိုင်ငံဘက်သို့ သွားရောက်မည့် မြန်မာအလုပ်သမားများကို တွေ့ရစဉ် ( ဓာတ်ပုံ-ရွှေသိန်း(မြ၀တီ) )

Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top