0

ချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံး မြို့ခံပြိုင်ဘက်နှစ်သင်း
တွေ့ဆုံနေတဲ့ ရီးရဲလ်-အက်သလက်တီကို ပွဲစဉ်မှာ နာမည်ကျော် အားကစား ၀က်ဘ်ဆိုက်တွေက ရီးရဲလ် အနိုင်ရမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီပွဲစဉ်ရဲ့ ဖွင့်လှစ်မှုမှာ ရီးရဲလ်(= -၈၀)ဖြစ်ပါတယ်။ asian bookie၊ predictz တို့က အက်သလက်တီကို သရေရမယ်ဆိုပေမယ့် windrawwin၊ bleacher report တို့က ရီးရဲလ် နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒီပွဲမတိုင်မီ ရီးရဲလ်ဘက်က ရော်နယ်ဒို၊ ဘန်ဇီမာတို့ အသင်းနဲ့အတူ
လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး ကြံ့ခိုင်မှု အပြည့်နဲ့ ရော်နယ်ဒို ကစားနိုင်လိမ့်မယ်လို့ နည်းပြ အန်စလော့တီက ဆိုပါတယ်။ ဒါ့အပြင် အက်သလက်တီကိုရဲ့ အဓိက တိုက်စစ်မှူး ဒီယေဂို ကော်စတာနဲ့ အာဒါတူရန်တို့လည်း လေ့ကျင့်ခန်း ပြန်ဆင်းပြီလို့ သိရပါတယ်။ (၁၀)ကြိမ်မြောက် ချန်ပီယံဖြစ်ဖို့ ကြိုးပမ်းနေတဲ့ ရီးရဲလ်နဲ့ ချန်ပီယံလိဂ်ဖလား ပထမဆုံးရဖို့ ကြိုးပမ်းနေတဲ့ အက်သလက်တီကိုတို့ရဲ့ ပွဲစဉ်ကတော့ ၂၅ရက် နံနက် မြန်မာ စံတော်ချိန် ၁း၁၅မှာ ကစားမှာပါ။

@z (ရိုးရာလေး)

ACM Credit To: YoYarLay
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top