0

ACM Re-Post 24-4-2014
မို့မို့ကြည်

ရန်ကုန်၊ မဇ္ဈိမ။ ။ လျှပ်စစ်မီတာနှုန်းထားများ သက်သာစေရန်အတွက် ခြောက်ဆယ်ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မည့် နောက်ဆုံးပေါ် နည်းပညာဖြင့် ပြုလုပ်ထားသည့် Constructive Engineers Co.L,td၏ တိုရှီဘာနှင့် Carrier အမျိုးအစား အင်ဗာတာ မိတ်ဆက်ပွဲအခမ်းအနားကို မေလ ၂၄ ရက်က ရန်ကုန်မြို့ အင်းယားလိပ်ဟိုတယ်တွင် ကျင်းပခဲ့သည်။

"ဒီအင်ဗာတာ Type(အမျိုးအစား)က အိမ်သုံးအသေးလေတွေကနေ ဟိုတယ်ကြီးတွေ လေဆိပ်တွေအထိ သုံးလို့ရတယ်၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာဆိုရင် မြင်းကောင်ရေ
တန် ငါးထောင် အထိ အသုံးပြုထားပါတယ်၊ ဒီ energy saving system(စွမ်းအင်ချွေတာစနစ်)က မီတာယူနစ်ကို တစ်ရာရာခိုင်နှုန်းကနေ ခြောက်ဆယ်ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်” ဟု အဆိုပါမိတ်ဆက်ပွဲအခမ်းအနားတွင် Constructive Engineers Co.L,td၏ အရောင်းဌာနမှ တာဝန်ရှိသူ ကိုအောင်နိုင်မြင့် ကပြောသည်။

အဆိုပါ စွမ်းအင်ချွေတာရေးစနစ်ကို မြင်းကောင်ရေတစ်ခုမှ တန်ချိန်တစ်သောင်း အထိ အသုံးပြုနိုင်မည်ဖြစ်ပြီး မီးအားကျသွားပါက အလိုအလျှောက် မီးမြှင့်ပေးသလို မီးအားမြင့်တက်ပါကလည်း အလိုအလျှောက် မီးဖြတ်ပေးမည့် စနစ် ပါဝင်မည်ဟုဆိုသည်။

၎င်းစနစ်ကို ၂၀၁၀ခုနှစ်က စတင်တီထွင်ခဲ့ပြီး ၂၀၁၁ခုနှစ်တွင် မြန်မာနိုင်ငံသို့စတင်ဖြန့်ဖြုးခဲ့ရာ ယခု ၂၀၁၄ခုနှစ်တွင် လျှပ်စစ်မီတာနှုန်းထားများ လျှော့ချပေးမည့် နစ်ပညာသစ်များကို ပြန်လည်
မိတ်ဆက်ခဲ့ခြင်းဖြစ်သည်ဟု ကိုအောင်နိုင်မြင့်က ပြောသည်။

ACM Credit To:Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top