0

ACM Re-Post 24-4-2014

ရန်ကုန်၊ မေ ၂၃-တတိယအကြိမ် မြောက် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၏ ညီလာခံကို လာမည့် ဇွန်လအတွင်း တိုင်းရင်းသားထိပ်သီး အစည်းအဝေးတစ်ရပ်ကျင်းပသွားမည်ဖြစ်ကြောင်း တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးညှိနှိုင်းရေးဒုတိယအဖွဲ့ ခေါင်းဆောင်နှင့် ကေအင်န်ယူ ကရင် အမျိုးသား အစည်းရုံးအထွေ ထွေ အတွင်းရေးမှူးဖြစ်သူ ပဒိုကွယ် ထူးဝင်းက ပြောသည်။

ပဒိုကွယ်ထူဝင်းက ''ကျွန်တော် တို့ အခုဆုံးဖြတ်ထားတာလဲ ဇွန်လ အတွင်းမှာဆိုတော့ ဇွန်လမကုန်ခင် အတွင်းမှာ လုပ်နိုင်ဖို့ ကြိုးစားသွား မှာပါ''ဟုပြောသည်။

ယခုဒုတိယအကြိမ်မြောက် ပြည် ထောင်စုငြိမ်းချမ်းရေးလုပ်ငန်း ဖော် ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေး ဗဟိုညှိနှိုင်းမှုအဖွဲ့ NCCT တို့ ပူးပေါင်း ရေးဆွဲထား သည့် အပစ်အခတ်ရပ်စဲရေးမူကြမ်း အား NCCT ၏ သဘောထားမှတ် ချက်များနှင့်အတူ တိုင်းရင်းသားအဖွဲ့ အစည်း အသီးသီးမှ ခေါင်းဆောင် များအား ရှင်းလင်းပြောဆိုမှုများပြုလုပ်ရန်အတွက် ယင်းထိပ်သီးအစည်း အဝေးအား ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ညီလာခံ ကျင်းပရန် သဘောတူ ပြီး ဖြစ်သော်လည်း ပြုလုပ်မည့်နေရာ အား ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း ပဒိုကွယ်ထူးဝင်း က ပြောသည်။ အစိုးရနှင့်တတိယအကြိမ်အ ပစ်အခတ် ရပ်စဲရေး မူကြမ်းအပြီး သတ်ရေးဆွဲနိုင်ရန်အတွက် ဇွန်လ အတွင်း ချိန်းဆိုထားပြီး ယင်းပွဲမ တိုင်မီ တိုင်းရင်းသားထိပ်သီးအစည်း အဝေးကျင်းပသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။
တိုင်းရင်းသားအဖွဲ့အစည်းများ ထိပ်သီးအစည်းအဝေးများကျင်းပပါ က အစိုးရအနေဖြင့် ကူညီဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း UPWC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကတိပြုပြောဆို သည်။

အစိုးရနှင့် NCCT တို့ဒုတိယ အကြိမ် ဆွေးနွေးပွဲတွင် အခန်း(၇)ခန်းပါ တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေး ဒုတိယ မူကြမ်းအား သဘောတူ ညီနိုင်ခဲ့ကြသည်။ တိုင်းရင်းသားအဖွဲ့အစည်းများ ၏ ထိပ်သီး ညီလာခံများကို ကေအိုင် အိုဌာနချုပ် လိုင်ဇာနှင့်ကေ အင်န်ယူ တပ်မဟာ (၇)လော်ခီးလာတွင်တစ် ကြိမ် နှစ်ကြိမ်ကျင်းပခဲ့ပြီး ဖြစ်သည်။

LA [--Democracy today Daily Newspaper--]

ACM Credit To:Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top