0

နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့ မြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင် များနှင့် နေပြည်တော် မှုခင်းအကူ ဌာနစုမှ ရဲတပ်ဖွဲ့ဝင်များ ကြိုးပမ်း အားထုတ်မှုကြောင့် မော်တော်ကား နှစ်စီး ခိုးယူသူကို ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၇ ရက် ညနေ ၃ နာရီခွဲက ပျဉ်းမနားမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ရဲအုပ်မင်းကို ထွေးနှင့် တပ်ဖွဲ့ဝင်များသည် နေပြည် တော်တိုင်းရဲတပ်ဖွဲ့ မှုခင်းအကူဌာန စုမှ ရဲတပ်ကြပ်ဇော်မင်းလွင်၊ ရဲတပ် ကြပ်ကျော်စွာဝင်းတို့နှင့်အတူ နယ်မြေ သတင်းစုံစမ်းနေစဉ် ပျဉ်းမနားမြို့ ပေါင်းလောင်း(၂)ရပ်ကွက်၌ အနီ ရောင် Jeep ယာဉ်တစ်စီး၏ ရှေ့/ နောက် နံပါတ်တို့မှာ ထင်ရှားစွာမမြင် ရပဲ၊

နံပါတ်ပြားများကို လူမမြင် အောင်ခေါက်ထားသည်ကို တွေ့ရှိရ၍ စစ်ဆေးရန်ပြုလုပ်စဉ် ၎င်းယာဉ်မှာ မောင်းနှင်သွားသဖြင့် နောက်မှလိုက် ရာ ဇေယျာသီရိမြို့နယ် လျှပ်စစ် လမ်းခွဲလမ်းသွယ်ရှိ လှေခွင်းတောင် မြစ်ဆိပ်နားအရောက်တွင် တွေ့ရှိ၍ စစ်ဆေးရာ ယာဉ်မောင်းသူမှာ ရဲမင်းထွန်း(ခ)ကိုရဲ (၂၁ နှစ်) ဥယျာဉ် စုရပ်ကွက်အုပ်စု ပျဉ်းမနားမြို့ နေသူဖြစ်ပြီး ပျဉ်းမနားရဲစခန်းသို့ ခေါ်ဆောင်၍ စစ်ဆေးရာ ယာဉ်နှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသ နိုင်ခြင်းမရှိသဖြင့် စစ်ဆေးရာ မေ ၄ ရက်က ပျဉ်းမနားမြို့ ဘောဂသီရိ ကားဝင်းအတွင်းမှ ရပ်ထားသော Jeep အား ခိုးယူမောင်းနှင်လာ ကြောင်း ဝန်ခံထွက်ဆိုသဖြင့် ရဲအုပ် မင်းကိုထွေးက တရားလိုပြုလုပ်၍ တိုင်တန်းရာ ပျဉ်းမနားမြို့မရဲစခန်းကအမှုရေးဖွင့်ပြီး

ဒုရဲအုပ်အောင်မျိုး က ဆက်လက်စစ်ဆေးရာ မေ ၂ ရက် နံနက်ပိုင်းက ပျဉ်းမနားမြို့ ဘောဂ သီရိကားကြီးဝင်းပွဲရုံတန်း ဆိုင်ခန်း အမှတ် ပ/၉၁ ဆိုင်ရှေ့တွင် ရပ်ထား သော ယာဉ်အမှတ် ၈ဈ/.....Light Truck ပျောက်ဆုံးမှုနှင့် ပတ် သက်၍ ပျဉ်းမနားမြို့မရဲစခန်းတွင် ကားနှင့်ပတ်သက်၍ ရဲမင်းထွန်း (ခ)ကိုရဲအား စစ်ဆေးမေးမြန်းရာ ယင်း Light Truck ၈ဈ/.... ယာဉ်ကို ခိုးယူမောင်းနှင် ထွက်ပြေးခဲ့ကြောင်း ဝန်ခံထွက်ဆိုပြီး ယာဉ်ပေါ်တွင် ပါရှိ သောကား ကက်ဆက်၊

ဂျိုက်၊ စပယ် ယာဘီးတို့အနက် စပယ်ယာဘီးကို ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် ရှိ လေထိုးကျွတ်ဖာဆိုင် တစ်ဆိုင် တွင် ရောင်းချခဲ့ကြောင်း သိရှိရသဖြင့် ၎င်းရောင်းချခဲ့သော လေထိုးကျွတ် ဖာဆိုင်ကို လိုက်လံပြသခိုင်းပြီး ရှာဖွေ ပုံစံဖြင့် ရေးသွင်းသိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပျဉ်းမနား ရဲစခန်းမှူး ဒုတိယရဲမှူးမျိုးသန်းဝင်းက အသေးစိတ်စစ်ဆေးလျက်ရှိပြီး အမှု ကို ခိုင်မာစွာတည်ဆောက်၍ ထိ ရောက်သော ပြစ်ဒဏ်ချမှတ်နိုင်ရေး အတွက် အမြန်ဆုံးတရားစွဲတင်ပို့ရန် စီစဉ်နေကြောင်း သိရသည်။

ကိုကိုရူပ(နေပြည်တော်)

Aye Chan Mon# Credit To :Myanmaalinn
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top