0


သိပံ္ပပညာရှင်များက ကြွက်များတွင် အယ်ဇိုင်းမားရောဂါအား ဗီဇကုထုံးများဖြင့်ကုသပေးပြီး မှတ် ဉာဏ်ပြန်ရအောင် ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။ လေ့လာမှုတွင် University of Barcelona မှ သိပ္ပံပညာရှင်များက အယ်ဇိုင်းမားရောဂါ စတင်ဖြစ်ပွားလျက်ရှိသော ကြွက်များတွင် ဦးနှောက်၏ မှတ်ဉာဏ် သိုလှောင်မှုအပိုင်း (Hippocampus)အား ပရိုတင်းများဖြင့်ပိတ်စေမည့် ဗီဇအား ကြွက်များ၏ကိုယ်ထဲသို့ ထိုးသွင်းပေးခဲ့သည်။ ဗီဇကုထုံးဖြင့် ထည့်သွင်းထားသော ဗီဇကကာလရှည်ကြာ မှတ်ဉာဏ် သိုလှောင်မှုအား လုပ်ဆောင်ပေးမည့် ဗီဇကို လှုံ့ဆော် ပေးနိုင်ကြောင်းသိရသည်။ ဗီဇာ ကုထုံးမှာဗီဇပြောင်းလဲမှုကြောင့် ကုသ၍ မရနိုင်သောရောဂါ၌ ယင်းပြောင်းလဲသွားသောဗီဇအား အစားထိုးပေးခြင်းဖြစ်သည်။ ယခုတွေ့ရှိမှုကို အသုံးပြု၍ လူများတွင် ယင်းကဲ့သို့ ဗီဇကိုအစားထိုးခြင်း မဟုတ်ဘဲ ကုသမှုတွင် ပါဝင်မည့်ဗီဇအား ဆေးသောက်ရုံဖြင့် လှုံ့ဆော်ပေးနိုင်မည့် ဆေးကို တီထွင်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။ အယ်ဇိုင်းမားရောဂါမှာ ဆိုးကျိုးများသော ပရိုတင်းများက ဦးနှောက်ဆဲလ်များအား ဖျက်ဆီး၍ မှတ်ဉာဏ်များလျော့ပါး လာခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်း၌ နှစ်စဉ်လူနာသစ် ၇.၇သန်းဖြစ်ပွားလျက်ရှိပြီး လက်ရှိ၌ လူနာ၃၅.၆သန်းမှာ ရောဂါခံစားလျက်ရှိပြီး ယခုထိ ကုသမည့်နည်းလမ်းအား မတွေ့သေးကြောင်း WHO မှ မှတ်တမ်းများအရ သိရသည်။

အပိန်လေး
ref:Medindia

Aye Chan Mon# Credit To :Health Updates Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top