0


အောင်ကိုဦး|ACM Re-Post 30-5-2014



မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့၊ ခတက်ချဉ်ကျေးရွာအုပ်စုရေထွက်ကြီး ကွင်းရှိ အမှတ် (၁၂၁) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်က ၁၉၉၆ခုနှစ်တွင် သိမ်းယူခဲ့သည့် လယ်မြေ ၅၆၄ ဧကကို မေလ ၂၈ရက်တွင် ဒေသခံ ၅၆ဦးက လှည်းအရှည် ၂၀ဖြင့် ထွန်တုံးတိုက်ပွဲဝင်ကာ ပြန်လည်သိမ်းယူခဲ့သည်။ 



“ကျွန်တော်တို့ ဥပဒေဘောင်အတွင်းက စာတင်ပြီး အကြိမ်ကြိမ်တောင်းတယ်။ဘာမှအကြောင်းမပြန်ဘူး။ သက်ဆိုင်ရာ သွားမေးလည်း ဟောက်လွတ်တယ်။ ပြန်မ ဖြေဘူး။ ဆက်ပြီး အခုလို ထွန်တုံးတိုက်ပွဲဝင် တာပါ”ဟု ထွန်တုံးတိုက်ပွဲဝင်နေသူ ကိုစောမြင့်လွင်က မဇ္ဈိမကို ပြောသည်။



စစ်တပ်မှ လယ်ယာမြေများ သိမ်းဆည်းခဲ့ပြီး ဂရိတ်ဝေါကုမ္ပဏီကို ငှားရမ်းကာဒေသခံတောင်သူများကို ကုမ္ပဏီနှင့် အကျိုးတူစိုက်ပျိုးလျှင် သီးစားပြန်လည်ချထားပေးမည်ဟုသက်ဆိုင်ရာက ပြောခဲ့၍ ဒေသခံ တောင်သူများမှာ သီးစားယူစိုက်ပျိုးခဲ့သည်။



“ထောက်/ပို့က အကြောင်းမပြဘဲ ဒါတပ်ပိုင်ဆိုပြီး သိမ်းတယ်။ သူတို့ဒီနေ့ အချိန်ထိ ဘာမှမစိုက်ဘူး။ ဂရိတ်ဝေါ တင်မောင်ကို ကြံစိုက်ဖို့ပေးလိုက်တယ်။ကျွန်တော်တို့ တောင်သူကို သီးစားချပြီး ကြံစိုက်ခိုင်း တယ်။ သူတို့ကုမ္ပဏီမှာပဲ ပြန်သွင်းရတယ်။ ကိုယ့်မြေကိုယ်ယာမှာ ကိုယ်ပိုင်စိုက်ခွင့်မရှိဘူး။ အဲဒါတွေ ကြောင့် ဒီနေ့ ထွန်တုံးတိုက်ပွဲဝင်တာပါ။ အခုပြန်ရအောင်တောင်းမယ်”ဟုဦးမျိုးမင်းစိုးကပြောသည်။



သီးစားယူစိုက်ပျိုးခဲ့သော်လည်း တောင်သူများကြိုက်သည့်သီးနှံများ စိုက်ပျိုးခွင့်မရဘဲ ကြံတစ်မျိုး တစ်တည်း ကိုသာ စိုက်ပျိုးခွင့်ပြုခဲ့သည်။



ကြံစိုက်ပျိုးမှုမဖြစ်ထွန်းသောကြောင့် စပါး၊ ပြောင်း စိုက်ပျိုးလျှင်လည်း တစ်ဧကစပါး ဆယ်တင်းနှုန်း ကုမ္ပဏီ သို့ သီးစားခသွင်းရသည်။ ပေးသွင်းရန်အကြွေးကျန်ပါက နောက်နှစ်စိုက်ပျိုးရာသီတွင် သီးစားကြွေးပြန် လည် ပေးဆပ်ရသည်။



ဒေသခံတောင်သူများမှာ မိမိတို့၏လယ်ကို သီးစားပြန်ယူပြီး လုပ်ကိုင်နေခြင်းမှာ အဆင်မပြေမှုများဖြစ် နေခဲ့ပြီး ဆက်လက်စိုက်ပျိုးရန် အခက်အခဲများ ရှိလာသည်။



ထွန်တုံးတိုက်ပွဲဝင်သူများသည် လယ်ယာမြေများ ထွန်ယက်ပြီးစီးပါက ဆက်လက်စိုက်ပျိုးသွားမည်ဟု ဒေသခံတောင်သူများက ဆိုသည်။



ပြင်ဦးလွင်ခရိုင် NLD အဖွဲ့ချုပ်မှ တောင်သူလယ်သမားရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမြ၀င်းက ဥပဒေ ဘောင် အတွင်းမှပါဝင်ကူညီသွားမည်ဟု ဆိုသည်။



လယ်သိမ်းဆည်းခံထားရသောဒေသခံတောင်သူများသည် မေလ ၄ရက် နှင့် ၈ရက်တို့တွင် နှစ်ကြိမ်ထွန် တုံးတိုက်ပွဲဝင်ထားပြီးဖြစ်သည်။



သိမ်းဆည်းခံလယ်ယာမြေများကို ပြန်လည်ရရှိစေရန် သက်ဆိုင်ရာသို့၂၀၁၃၊ သြဂုတ်လမှစတင်၍ ခြောက် ကြိမ်တင်ပြ တောင်းခံပြီး ဖြစ်သည်။



မေလ ၉ ရက်တွင် လက်ပံလှရဲစခန်းမှ ထွန်တုံးတိုက်ပွဲဝင်သူ ၅၆ ဦးကို ပုဒ်မ ၄၄၇ နှင့် ပုဒ်မ ၁၁၄ဖြင့် ထောက်ပံ့ရေး နှင့် ပို့ဆောင်ရေးတပ်မှ ဗိုလ်ကြီးတိုးမြင့်ဝင်းက တရားလိုပြုလုပ် တိုင်ကြားခဲ့သည်။

Aye Chan Mon Credit To: Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top