0
သူငယ်ချင်းကောင်းဆိုတာ သင့်ဘဝတစ်သက်တာအတွက် ဘယ်လောက်အရေးပါသလဲ

တကယ်လို့ မှန်တဲ့သူငယ်ချင်းနဲ့ အတူလျှောက်လှမ်းရင် ဘဝခရီးလမ်းကို သင်ဝေးဝေးပိုလျှောက်နိုင်တယ်
တကယ်လို့ မှန်တဲ့သူငယ်ချင်းရဲ့ လမ်းညွှန်မှုကိုရရင် ဘဝခရီးလမ်းမှာ သင် မြန်မြန်ပိုလျှောက်နိုင်တယ်
တကယ်လို့ မှန်တဲ့သူငယ်ချင်းက အဖော်အဖြစ်လိုက်ပါလျှောက်လှမ်းရင် ဘဝခရီးလမ်းကို သင်လွတ်လပ်ပေါ့ပါးစွာလျှောက်လှမ်းနိုင်တယ်

ဘဝမှာ အဓိပ္ပာယ်ရှိတဲ့အလုပ်တစ်ခုကို လုပ်ဖြစ်အောင်လုပ်ပါ
သင့်အပေါ် သစ္စာရှိရိုးသားတဲ့သူငယ်ချင်းတစ်ယောက်ကို ရှာဖြစ်အောင်ရှာပါ တဲ့....
သင့်အပေါ် သစ္စာရှိရိုးသားတဲ့သူငယ်ချင်းတစ်ယောက် ရချင်ရင် သင်လည်း သစ္စာရှိရိုးသားတဲ့သူငယ်ချင်းတစ်ယောက် ဖြစ်ဖို့လိုပါလိမ့်မယ်.....

မှန်တဲ့သူငယ်ချင်းဆိုတာ ဘာလဲ...
အမြဲတမ်း အဆက်အသွယ်မရှိပေမယ့် သင်အကူအညီလိုအပ်တဲ့အခါ အချိန်မရွေးကူညီတတ်သူ၊ သင့်ကို အားပေးဖေးမတတ်သူ၊ သင်ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ၊ ရုပ်ဆိုးသည်ဖြစ်စေ၊ ရုပ်လှသည်ဖြစ်စေ ဂုဏ်ပကာဓနကြောင့် သင့်အပေါ် အခင်အမင်မပျက်သူ၊ သင့်အကြောင်း နောက်ကွယ်မှာမပြောတတ်သူ၊ ငယ်ရွယ်နုပျိုခြင်းမှ အိုမင်းသည်အထိ သင်နဲ့အတူ တဖြည်းဖြည်းကြီးပြင်းသူ .....

မှန်တဲ့သူငယ်ချင်းရှိရင် မှားတဲ့သူငယ်ချင်းရောရှိလား...
ရှိတာပေါ့... ခင်မင်တယ်၊ သူငယ်ချင်းဆိုပြီး နောက်ကျောဓားထိုးတတ်သူ၊ အပေါ်က အကြောင်းအရာနဲ့ ဆန့်ကျင်ဖက်ဖြစ်သူတွေဟာ မှားတဲ့သူငယ်ချင်းတွေပါပဲ....

ကျွန်မမှာ မှန်တဲ့သူငယ်ချင်းတွေပဲရှိတယ်... မှားတဲ့သူငယ်ချင်းတွေကို မေ့ထားပစ်လိုက်လို့း)
လျှောက်လှမ်းလာခဲ့တဲ့ ရက် လ နှစ်တွေမှာ အဖော်အဖြစ်လိုက်ပါလာခဲ့တဲ့အတွက် ကျေးဇူးပါသူငယ်ချင်း....

Aye Chan Mon# Credit To :Nine Nine Sanay @ နိုင်းနိုင်းစနေ
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
5

Post a Comment

 
Top