0


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်း
လူ့အဖွဲ့အစည်း)တို့ ပူးပေါင်းကျင်းပသော ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေး အထက်ဗမာပြည်လူထုဟောပြောပွဲပြီးနောက်..၈၈မျိုးဆက်
များသည် မိုးညှင်းမြို့ လူထုဟောပြောပွဲခရီးစဉ်သို့ ဆက်လက်
သွားရောက်ခဲ့ကြပြီး၊ မေလ ၁၉ရက် ၂ဝ၁၄ ခုနှစ်တွင် ကိုမင်းကိုနိုင်၊
ကိုကိုကြီးတို့ဦးဆောင်သော ၈၈ မျိုးဆက်များသည် ကချင်ပြည်နယ်
အဝင်၌ ကြိုဆိုနေသော ဒေသခံတိုင်းရင်းသားများနှင့် ဆယ်မိုင်ရွာသစ်မှ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များအား နှုတ်ဆက်အမှတ်တရ
စကားပြောကြားပြီးနောက်၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၃၆)
ပြင်ဆင်ရေး လူထုလှုပ်ရှားမှုအကြောင်းကို ဒေသခံပြည်သူလူထုအား
အကျယ်တ၀င့် ဆွေးနွေးဟောပြောခဲ့ကြသည်။

- လူထုဆက်ဆံရေးဌာန
(၈၈မျိုးဆက် - ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)
www.facebook.com/the88gen.pr
L

Post a Comment

 
Top