ACM Re-Post 25-5-2014
Written by: နေပြည်တော်သတင်းအဖွဲ့
အနိမ့်ဆုံးလစာ သတ်မှတ်ပေးရန်နှင့် အစိုးရဝန်ထမ်းများနည်းတူ လစာနှစ်သောင်း တိုးမြှင့်ပေးရန်အတွက် ပျဉ်းမနားသကြားစက် အလုပ်သမားများမှ ယုဇနကုမ္ပဏီသို့ တောင်းဆိုထားကြောင်း မေ ၂၄ ရက် ပျဉ်းမနားသကြားစက် ဘုန်တော်ကြီးကျောင်း၌ ပြုလုပ်သည့် စည်းလုံးညီညွတ်သော အလုပ်သမားများအဖွဲ့အစည်းနှင့် အလုပ်သမားသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေးကော်မတီတိ
ယခင်အစိုးရပိုင် သကြားစက်ကို ၂ဝ၁၁ ခုနှစ် ဩဂုတ် ၃ဝ ရက်တွင် ပုဂ္ဂလိကပိုင်အဖြစ် ယုဇနကုမ္ပဏီအား ပေးအပ်ခဲ့ပြီး စက်ရုံရှိ အလုပ်သမားများအား အစိုးရဝန်ထမ်းများနည်းတူ ခံစားခွင့်လစာနှင့် ဝန်ထမ်းများရရှိစေမည့် အခွင့်အရေးများရရှိစေရန် အစိုးရမှ ပုဂ္ဂလိကသို့ လွှဲပြောင်းချိန်တွင် စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
စည်းလုံးညီညွတ်သော အလုပ်သမားများအဖွဲ့အစည်း ဥက္ကဌ ဦးကျော်ဌေးက “ကျွန်တော်တို့က ယခင်အစိုးရပိုင် သကြားစက်ကတည်းက လုပ်လာတဲ့သူတွေပါ။ ပုဂ္ဂလိကကို လွှဲပြောင်းပေးတဲ့အချိန်မှာ အစိုးရဝန်ထမ်းများနည်းတူ အကျိုးခံစားခွင့် ရရှိရမယ်လို့ စာချုပ်မှာ ပါထားပြီးသားပါ။ အစိုးရက ဒီနှစ် ဧပြီလမှာ ဝန်ထမ်းတွေကို နှစ်သောင်းတိုးပေးတယ်။ ကျွန်တော်တို့လည်း တိုးပေးတဲ့လစာကို လိုချင်တယ်။ ကုန်စိမ်းနှုန်း တိုးမြှင့်လာပေမယ့် ကျွန်တော်တို့ လစာရော၊ ထောက်ပံ့ကြေးရော ယုဇနကုမ္ပဏီက မပေးဘူး။ စာချုပ်ပါအတိုင်း လစာ တိတိကျကျပဲ လိုချင်ပါတယ်”ဟု ပြောကြားခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် အလုပ်ရှင်အလုပ်သမား ကောင်းမွန်သည့် လုပ်ငန်းခွင်ဆက်ဆံရေးစနစ် ပေါ်ပေါက်လာစေရန်၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေပါအတိုင်း ဆောင်ရွက်ရန်၊ နည်းစနစ်များ ပိုမိုသိရှိလာစေရန်နှင့် အလုပ်သမားစွမ်းဆောင်ရေ မြှင့်တင်ပေးခြင်းဖြင့် ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာစေရန်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အလုပ်သမားများအနေဖြင့် အလုပ်ခွင်တွင် ထိခိုက်ဒဏ်ရာ ရရှိသော်လည်း အလုပ်ရှင်မှ တာဝန်မယူကြောင်း၊ အလုပ်ထုတ်ပြီး နစ်နာကြေးငွေအဖြစ် ပေးသော်လည်း အလုပ် အထုတ်ခံရသည့်သူများထံ နစ်နာကြေးငွေ မရရှိသေးကြောင်း၊ အစိုးရအနေဖြင့် အနိမ့်ဆုံးလစာငွေ သတ်မှတ်ပေးရန် လိုအပ်ကြောင်းနှင့် မေလ လစာငွေထုတ်ချိန်တွင် တိုးမြှင့်လစာ ၂ဝဝဝဝ ကျပ်အား အစိုးရဝန်ထမ်းများနည်းတူ ခံစားခွင့်ပေးရန် တောင်းဆိုထားကြောင်း ဥက္ကဌ ဦးကျော်ဌေးက ဆက်လက်ပြောကြားခဲ့သည်။
စည်းလုံးညီညွတ်သော အလုပ်သမားများအဖွဲ့အစည်းနှင့် အလုပ်သမားသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေးကော်မတီတိ
ACM Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment