0

ACM Re-Post 30-5-2014

မျက်နှာ အသားအရေဟာ လူတစ်ယောက် အတွက် အရေးကြီးဆုံး ဖြစ်ပါတယ်။ ဒါ့ကြောင့် မည်သူမဆို မျက်နှာကို အလေးထား သင့်ပါတယ်။ ဆေးကြော တာက မိမိဘာသာ အိမ်မှာ မျက်နှာသစ်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ မျက်နှာအကြော များကို နှိပ်နယ်ပေးခြင်း မျက်ရိုးများကို နှိပ်နှယ်ပေးခြင်း မျက်နှာ ပေါင်တင်ခြင်း စသည်တို့ကို ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ မိမိ အဆင်ပြေမယ့် ဆိုင် (သို့) အိမ်မှာဖြစ်ဖြစ် လုပ်ပေးနိုင် ပါတယ်။

ခဏခဏ မျက်နှာကို ဆေးကြောဖို့ မသင့်ပါဘူး။ မျက်နှာ အသား
အရေဟာ ပါးလွှာတဲ့ အတွက် ခဏခဏ ဆေးကြောပါက အသားအရေကို ပျက်စီးနိုင် ပါတယ်။ ဒါကြောင့် တစ်လ တစ်ကြိမ်လောက် ဆေးကြော ပေးခြင်းဖြင့် လုံလောက် ပါတယ်။

ဒီလို ဆေးကြော သန့်စင်ပေး လိုက်သည့် အတွက်ကြောင့် စိတ်ပေါ့ပါး လွတ်လပ်စေရုံသာမကဘဲ မိမိကိုယ်ကိုယ် ရုံကြည်မူပါ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ မျက်နှာနှင့် မျက်ရိုး တစ်ဝိုက်ကို နှိပ်နှယ် ပေးလိုက်ခြင်း ကလည်း ခန္ဓာကိုယ် အတွင်းပိုင်း အကြောတွေနဲ့ ဆက်စပ်နေလို့ သင့်ကျန်းမာရေးကို ထောက်အကူ ပြုစေမှာဖြစ် ပါတယ်။

လှပချင်သူပဲ ဖြစ်ဖြစ် ကျန်းမာရေး လိုက်စားသူပဲ ဖြစ်ဖြစ် လုပ်ပေး သင့်ပါတယ်။

လှပပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

Aye Chan Mon Credit To: မြ၀တီ
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top