0


မြန်မာလူငယ်တစ်ဦး



ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုများဖြစ်ပေါ်နေခြင်းကြောင့် အထူးခရီးသွား အာမခံလုပ်ငန်းကို စတင်ဆောင်ရွက်မည်ဖြစ်သည်ဟု ပုဂ္ဂလိကအာမခံလုပ်ငန်းများက ထုတ်ပြန်ကြေညာသည်။ အထူးခရီးသွားအာမခံလုပ်ငန်းကို နိုင်ငံတော် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ အထူးခရီးသွား အာမခံလုပ်ငန်းကို ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုထက်မနည်းက ဆောင်ရွက်မည် ဖြစ်သည်။ ၂၀၁၄ ခုနှစ် မေလ ၈ ရက်တွင် အထူး ခရီးသွား အာမခံလုပ်ငန်းကို စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။ ယင်းစနစ်အရ ခရီးသွားသူ တစ် ဦးသည် မူလယာဉ်လက်မှတ်နှုန်းထားတွင် အာမခံကြေး (ပရီမီယံကြေး ) ကျပ် ၃၀၀ ကို အပိုဆောင်းပေး ရမည် ဖြစ်သည်။ ဥပမာအားဖြင့် ရန်ကုန်-မန္တလေးခရီးစဉ်အတွက် ကားလက်မှတ်ခကျပ် ၁၀,၅၀၀ ကျသင့် ပါက အာမခံကြေး ကျပ် ၃၀၀ ကိုပါ ထည့်သွင်းပေးရမည်ဖြစ်ရာ ယင်းခရီးစဉ်အတွက်ကားလက်မှတ်ခမှာ ကျပ် ၁၀,၈၀၀ ကျသင့်သည် ဖြစ်သည်။ အာမခံကြေး ကျပ် ၃၀၀ ထားရှိပါက ယာဉ်မတော်တဆဖြစ်၍ သေဆုံးလျှင် လျော်ကြေးအနေဖြင့် ကျပ်သိန်း ၃၀ ရရှိမည်ဖြစ်သည်။ ထိခိုက်ဒဏ်ရာရရှိပါက အချိုးကျနှုန်း ထားများအတိုင်း လျော်ကြေးရရှိမည်ဖြစ်ပြီး အမြင့်ဆုံးငွေ ကျပ် ၂၄ သိန်း ရရှိမည်ဟု အာမခံလုပ်ငန်းများက ကြေညာသည်။



အသက်နဲ့ရင်းရသည့် အာမခံအထူးခရီးသွား အာမခံလုပ်ငန်းတွင် ငွေကျပ် ၃၀၀ အာမခံကြေးပေးသွင်း ခြင်းဖြင့် ကျပ်သိန်း ၃၀ ပြန်လည်ရရှိနိုင်မည်ဟု ယင်းအာမခံလုပ်ငန်းကို ဆောင်ရွက်သည့်သူများကဆို သည်။ ၀န်ကြီး တစ်ဦးကမူ လက်ဖက်ရည်တစ်ခွက်၊ မုန့်ဟင်းခါးတစ်ပွဲဖိုးပင် မရှိသောအာမခံကြေး ကျပ် ၃၀၀ ပေးသွင်းခြင်းဖြင့် အဆပေါင်း တစ်သောင်းကျော်ဖြစ်သော ကျပ်သိန်း ၃၀ အကာအကွယ်ရရှိနိုင်မည် ဖြစ်သည်ဟု ဆိုသည်။ သို့သော် ကျပ် ၃၀၀ နှင့် အတူခရီးသည်၏ အသက်တစ်ချောင်း ကိုလည်း ထည့် သွင်းရင်းနှီးရမည်ဆိုခြင်းကိုမူ အဆိုပါဝန်ကြီးက ထည့်သွင်းပြော ဆိုခြင်းမရှိခဲ့ပေ။ အထူးခရီးသွား အာမခံ လုပ်ငန်းတွင်ငွေကျပ် ၃၀၀ ပိုမိုပေးဆောင်ခြင်းဖြင့် ကျပ်သိန်း ၃၀ ရရှိနိုင်သည်ဆို သော်လည်း ကျပ်သိန်း ၃၀ ရရှိဖို့ ခရီးသည်များအနေဖြင့် ကျပ် ၃၀၀ နှင့်အတူ မိမိတို့အသက်တစ်ချောင်းကိုရင်းနှီးမြှုပ်နှံရမည်ဆို ခြင်းကို အထူးသတိပြုမိဖို့လိုပါသည်။ သို့ဖြစ်ရာ မေလ ၈ ရက်မှ စတင် အကောင်အထည်ဖော်မည့် အထူး ခရီးသွား အာမခံလုပ်ငန်းသည် တရားမျှတသော စီးပွားရေးလုပ်ငန်းတစ်ခု ဟုတ်မဟုတ် စဉ်းစားဆင်ခြင် ကြည့်ဖို့လို အပ်မည်ဖြစ်ပါသည်။ စားရောသူ၏ မိတ်ဆွေအဝေး ပြေးယာဉ်လိုင်းပိုင်ရှင်တစ်ဦးကမူ “ တစ် ပြား တစ်ချပ်မှမရတာနဲ့စာလျင်ပို မကောင်းဘူးလား”ဟု ဆိုပါသည်။ စာရေးသူက ယာဉ်မတော်တဆမှုမ ဖြစ်အောင် ဆောင်ရွက်လျှင်ပိုမကောင်းဘူးလား။ ဒီစနစ်က ယာဉ်အန္တရာယ်ပိုဖြစ်အောင်သွယ်ဝိုက်တဲ့နည်း နဲ့ အားပေးရာရောက်မနေဘူးလားဟု ပြန်လည်မေးခွန်းထုတ်ခဲ့ရာ စာရေးသူ၏မိတ်ဆွေက တုံ့ပြန်ဖြေကြား ခြင်း မရှိခဲ့ပါ။



ယာဉ်မတော်တဆမှုများ ဖြစ်ပွားရသည့် အကြောင်းအရင်းအထူးခရီးသွား အာမခံလုပ်ငန်းဝန် ဆောင်မှုကို နိုင်ငံတော်အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်အရဆောင်ရွက်သည်ဟု သိရပါသည်။ သို့ဖြစ်ရာနိုင်ငံတော်က အာမခံလုပ်ငန်းကြီးကြပ် ရေးအဖွဲ့၏ အတွေးအခေါ်နှင့် အရည်အချင်းကို မွေးခွန်း ထုတ်စရာ ဖြစ်လာပါသည်။ အဖွဲ့အနေဖြင့် အာမခံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်အခွင့် အလမ်းရှိပါသည်။ သို့သော် မည့်သည့် အာမခံလုပ်ငန်းကို ဦးစွာဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်သင့် သည် ဆိုခြင်းကို လည်း စဉ်းစားသုံးသပ်နိုင်စွမ်းရှိဖို့လိုပါသည်။ နိုင်ငံတော်အာမခံ လုပ်ငန်းကြီးကြပ်ရေး အဖွဲ့ဟု အမည်ပေးထားရာ ယင်းအဖွဲ့တွင် အစိုးရအရာရှိများပါဝင်မည်ဟု ထင်မြင်ယူဆမိပါသည်။ အစိုးရ ၀န်ထမ်းဆိုသည်မှာ ပြည်သူကိုယ်စားလှယ်ဖြစ်သည့်အတွက်ပြည်သူ့အကျိုးစီးပွားကာကွယ်ရန် တာဝန်ရှိ သည်။ အာမခံလုပ်ငန်းသည် စီးပွားရေးလုပ်ငန်းဖြစ်သည်။ အာမခံလုပ်ငန်းများရှုံးခြင်း၊ မြတ်ခြင်သည် အစိုးရနှင့် မည်သို့မျှ ပတ်သက်ဆက်စပ်ခြင်းလည်းမရှိ။ အစိုးရသည် ပြည်သူ့ကိုယ်စားလှယ်ဖြစ်၍ ပြည်သူ့ အကျိုးစီးပွားကိုသာ ကာကွယ်ရန်တာဝန်ရှိသည်။ နိုင်ငံတော် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့အနေဖြင့် ငွေကျပ် ၃၀၀ နှင့် အသက်တစ်ချောင်းရင်းလျင် ငွေကျပ် သိန်း ၃၀ ရရှိနိုင်သော အထူးခရီးသွား အာမခံလုပ် ငန်းတွင် မည်သို့မျှ ပါဝင်လမ်းညွှန်ရန်မလိုအပ်ဟု ထင်မြင်ယူဆမိပါသည်။ နိုင်ငံတော်အာမခံလုပ်ငန်း ကြီး ကြပ်ရေး အဖွဲ့အနေဖြင့် ပြည်သူ့အကျိုးစီးပွားကို အမှန်တကယ်ကာကွယ် စောင့်ရှောက်လိုသည်ဆိုလျှင် အမြန်လမ်းတွင် ယာဉ်မတော်တဆမှုများလျော့နည်းပပျောက်အောင် မည်သို့မည်ပုံ ဆောင်ရွက်သင့်သည် ဆိုခြင်းကို သက်ဆိုင်ရာတာဝန်ရှိ သူများအားအထူး အလေးထား တိုက်တွန်းခြင်းသာဆောင်ရွက်သင့် သည်ဟု ထင်မြင်ယူဆမိသည်။ အမြန်လမ်းလုံခြုံစိတ်ချရသည့် အခြေအနေရောက်မှသာ အထူးခရီးသွား အာမခံလုပ်ငန်းကိုဆောင်ရွက်သင့်သည်။ အမြန်လမ်းလုံခြုံသည့်အခြေအနေရောက်လျင် အမြန်လမ်းခရီး သွားအာမခံလုပ်ငန်းမှာ ထင်သလောက်အကျိုးရှိသောလုပ်ငန်းဖြစ်လာတော့မည်မဟုတ်သော်လည်း ပြည် သူများ၏ အသက်အိုးအိမ်ဆုံရှုံးမှုမှာမူလျော့နည်း ကျဆင်းသွားမည်သာဖြစ်သည်။



ယာဉ်မောင်းများက တရားခံလောအဝေးပြေးလမ်းပေါ်တွင် ယာဉ်မတော်တဆဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းမှာ ယာဉ်မောင်းများ၏ ပေါ့ဆမှုကြောင့် ဖြစ်သည်။ ယာဉ်မောင်းများသည် ယာဉ်ကို အဘယ်ကြောင့် အလေးအနက်ထား၍ ထိန်းကျောင်းမောင်းနှင်မှု မရှိပါသနည်း။ ယာဉ်မောင်းသည်လည်း လူသားတစ်ဦးပင်ဖြစ်ရာ မတော်တဆမှု ဖြစ်ပွားပါက ၎င်းကိုယ်တိုင်လည်း အသက်ဆုံးရှုံးနိုင်သည်ဆိုခြင်း ကိုပင် မစဉ်းစားမိလောက်အောင် ယာဉ်မောင်းများ အသိဉာဏ်ပညာ နုံနဲ့နေပြီလော စသည်ဖြင့် ယာဉ် မောင်းများနှင့်ပတ်သက်၍လေ့လာစရာ၊ သုတေသနရစရာအများအပြားရှိနေပါသည်။ ယာဉ်မောင်းများ၏ အခြေအနေ၊ ယာဉ်မောင်းများ၏အခက်အခဲများကို မည်သည့်အဖွဲ့အစည်းကမှ တာဝန်ယူလေ့လာ စုံစမ်း မေးမြန်း၍ကူညီဆောင်ရွက်ပေးခြင်း မရှိသေးပေ။ စာရေးသူလေ့လာမိသလောက် ယာဉ်မောင်းအများစုမှာ နားချိန်လုံလောက်စွာ ရရှိခြင်းမရှိပါ။ ယာဉ်လိုင်းပိုင်ရှင်များက ယာဉ်မောင်းများကိုလုံလောက်သော နားချိန် ပေးသော်လည်း ငွေကြေး (ခေါက်ကြေး)က ယာဉ်မောင်းသူတို့၏ နားချိန်အချို့ကို ဖဲ့ယူနိုင်စွမ်းရှိနေဆဲဖြစ်ပါ သည်။ ယာဉ်မောင်းအများစုမှာ အေးချမ်းစွာအနားယူ၍ယာဉ်ကို အေးချမ်းစွာ မောင်းနှင်လိုကြ သူချည်းသာ ဖြစ်ပါသည်။ သို့သော် မိသားစု စားဝတ်နေရေးက ယာဉ်မောင်းများကို လွတ်လပ်စွာအနားယူနိုင်ရန် ခွင့်ပြု နိုင်ခြင်း မရှိပါ။ ရန်ကုန်-မန္တလေးခရီးစဉ်တွင် အဝေးပြေးယာဉ်မောင်းနှစ်ဦး ထားရှိသင့်သည်ဟု အကြံပြုသူ များရှိသည်။ သိုသော် ယာဉ်လိုင်းပိုင်ရှင်များဘက်ကလည်း ယာဉ်မောင်းနှစ်ဦးထားလျင် ငွေကြေးနှစ်ဆကုန် ကျမည်ကို ကြိုတင်တွက်ချက်ထားပြီး ဖြစ်ပါသည်။ သို့ဖြစ်ရာ ယာဉ်မောင်း တစ်ဦးတည်းကို ငွေကြေးပိုပေး ၍ မောင်းနှင်စေပါသည်။ ယင်းစနစ်တွင် ယာဉ်မောင်းသူ ပိုမိုပင်ပန်းသည်မှအပယာဉ်မောင်း အတွက်ရော၊ ယာဉ်လိုင်းပိုင်ရှင်အတွက်ပါတွက်ချေကိုက်သည့် စနစ်တစ်ခုဖြစ်ပါသည်။ သို့သော် ယင်းစနစ်၏ အကျိုးဆက် အဖြစ် ယာဉ်မတော်တဆမှုများပိုမိုဖြစ်ပေါ်လာနိုင်သည် ဆိုခြင်းကိုလည်းထည့်သွင်းတွက်ချက်ဖို့လိုအပ် မည်ဖြစ်ပါသည်။



ယာဉ်မောင်းတစ်ဦးအနေဖြင့် လုံလောက်သောလစာရလျှင် ယာဉ်ကိုစိတ်အေးချမ်းစွာမောင်းနှင်ကြမည် ဖြစ်သကဲ့သို့ သတ်မှတ်ထားသောစည်းမျဉ်း စည်းကမ်းများကိုလည်း အတတ်နိုင်ဆုံးလိုက်နာထိန်းသိမ်း ကြမည်သာ ဖြစ်ပါသည်။လက်ရှိကာလတွင် ယာဉ်မတော်တဆဖြစ်ပွားပါက ယာဉ်မောင်းများကိုသာဦးစွာ အပြစ်တင်တတ်ကြသော်လည်း ယာဉ်မောင်းများ၏ စားဝတ်နေရေးအခက်အခဲ မိသားစုအခြေ အနေ စသည့်အမှုကိစ္စများကို မည်သသည့်အဖွဲ့အစည်းကမှ စိတ်ဝင်စားလေ့လာမှတ်တမ်းတင် ဖြည့်ဆည်းပေး ခြင်း မရှိပါ။ ထို့အတူ ယာဉ်မောင်းလိုင်စင်များ အလွယ်တကူထုတ်ပေးနေခြင်း၊ အမြန်လမ်းတစ်လျှောက် တွင် ယာဉ်မောင်းလိုင်စင်စစ်ဆေးမှုမရှိခြင်း၊ အရှိန်ပြင်းစွာမောင်းနှင်သောယာဉ်များကို သက်ဆိုင်ရာက မည်သို့မျှ ဟန့်တားထိန်းချုပ်နိုင်မှုမရှိခြင်း စသည့်အချက်များကလည်း ယာဉ်မတော်တဆ ဖြစ်ရသည့် အကြောင်းအရင်းများဖြစ်သည်ဆိုခြင်း အထူးသတိပြုမိဖို့ လိုပါသည်။



အပ်ချက်များနှင့်အမြန်မလမ်း ၃၆၆ မိုင် ၃ ဖာလုံ ရှည်လျားသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန် လမ်းမကြီးမှာလိုအပ်ချက်များစွာ ရှိနေသေးသောလမ်းမကြီးတစ်ခုဖြစ်သည်ဟု အစိုးရတာဝန်ရှိသူများက အကြိမ်ကြိမ်အခါအခါ ပြောဆိုဝန်ခံထားပြီးဖြစ်ပါသည်။ ကွန်ကရစ်လမ်းမကြီးဖြစ်၍ ကတ္တရာထပ်ပိုးခင်း နိုင်ရန် ကြိုးစားစီစဉ်ဆောင်ရွက်လျက်ရှိနေပါသည်ဟုလည်း အစိုးရတာဝန်ရှိသူများက ပြောဆိုထားပြီးဖြစ် သည်။ သို့ဖြစ်ရာ အဆိုပါလမ်းပိုင်းတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းများ မှာ ယာဉ်မောင်းများ ပေါ့ဆမှုကြောင့်သာဖြစ်သည် ဆိုခြင်းကိုသတိပြုမိဖို့ လိုပါသည်။ သို့သော် ယာဉ် မောင်းများ ယာဉ်ကိုပေါ့ဆစွာမောင်းနှင်ရသည့်အကြောင်း အရင်းကိုလည်း (အထက်တွင် ရေးသားဖော် ပြသကဲ့သို့) စနစ်တကျ လေ့လာနိုင်စွမ်းရှိဖို့လိုပါသည်။



ထို့အတူ နိုင်ငံတော်အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့အနေဖြင့်လည်း ပြည်သူ တို့ အကြောက်တရားဖြင့် ပေးချေရသည့် အာမခံကြေးငွေဖြင့် အာမခံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် လမ်းညွှန်ပေးရန် မသင့်ဟု ထင်မြင်ယူဆမိပါသည်။ အာမခံ လုပ်ငန်းသည် စီးပွားရေးလုပ်ငန်းဖြစ်သည့် အတွက်စီးပွားရေးအရရေ ရှည်တည်တံ့နိုင် အောင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားဆောင်ရွက်ရသည်မှာ သဘာဝကျသော ကိစ္စတစ်ခု ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းဖြစ်၍ စီးပွားရှာခြင်းကို အပြစ်မဆိုသာသော်လည်း လက်ရှိအချိန်တွင် အထူးခရီး သွားအာမခံလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ထက် အမြန်လမ်းလုံခြုံစိတ်ချရေး လုပ်ငန်းစဉ်များတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကိုသာ ဦးစားပေးဆောင်ရွက်သင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

Aye Chan Mon# Credit To :Mizzima - News in Burme
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top