0

Friday, May 23, 2014

ရန်ကုန်လေဆိပ်မှာ ပြေးလမ်းချော်ခဲ့တယ်ဆိုတဲ့ စင်ကာပူ လေကြောင်းလိုင်းက အဲယား ဘတ်စ် အေ ၃၃၀ လေယာဉ် ပေါ်မှာ ပါတဲ့ ခရီးသည်တွေထဲမှာ စင်ကာပူက လူ့စွမ်းအား ၀န်ကြီးလည်း တဦးအပါအ ၀င်ဖြစ်တယ်လို့ လေကြောင်း ပြောခွင့်ရတဦးက စင်ကာပူသတင်းဋ္ဌာန CNA ကို ပြောထား တာတွေ့ရ ပါတယ်။

စင်ကာပူ ၀န်ကြီးဟာ နေပြည်တော်မှာ ကျင်းပမယ့် ၂၃ ကြိမ်မြောက် အာဆီယံ နိုင်ငံများရဲ့ အလုပ်သမား ၀န်ကြီးတွေရဲ့ အစည်းအဝေးကို လာတက်တာပါ။ CNA ရဲ့ ဖေ့စ်ဘုတ်မှာ ၀န်ကြီးရဲ့ မှတ်ချက်လေးကို
ရေးတင် ထားပါတယ်။

"ကျနော့်ဘ၀မှာ ဒီတကြိမ် လေယာဉ်ဆင်းတာမျိုး တခါမှ မကြုံဖူးခဲ့ဘူး၊ အခက်ခဲဆုံးပဲ၊ လေယာဉ် အမှုထမ်းတွေက အလွန်ပဲ ကျွမ်းကျင်ပါတယ် တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းသိမ်းနိုင်ခဲ့တယ်"လို့ စင်ကာပူ လူ့စွမ်းအား ၀န်ကြီးက ပြောဆိုပါသတဲ့။

မြန်မာပြည်က လေယာဉ်ကွင်း ပြေးလမ်း ဘယ်လို အားနည်းချက်တွေ ရှိနေမလဲ ဆိုတာ ဒီ စင်ကာပူ ၀န်ကြီး ပြောတဲ့ မှတ်ချက်စကားနဲ့ ခန့်မှန်းနိုင်ပါမယ်။ လေယာဉ်ပြေးလမ်းချော်မှုဖြစ်ပွားခဲ့လို့ လေဆိပ် ကိုလည်း နာရီဝက်လောက် ခဏ ပိတ်ထားခဲ့ရပါတယ်။

မေလ ၂၁ ရက်နေ့ က ပြေးလမ်းချော်တဲ့ စင်ကာပူလေယာဉ်မှာ လေယာဉ်မှူး ၃ ဦးအပါအ၀င် ၀န်ထမ်း ၁၃ ဦး၊ ခရီးသည် ၂၅၂ ဦး လိုက်ပါ လာတာပါ။ မတော်တဆမှုဖြစ်စဉ်မှာတော့ ထိခိုက်ဒဏ်ရာ ရာတာတော့ မရှိ
ပါဘူး။

အိမ့်သံစဉ်~

ACM Credit To:ဧရာဝတီ
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top