သည် ဟာဖင်တန်ပို့စ်
ဝစ်ကွန်စင်၊ မေ ၇
အမေရိကန်နိုင်ငံမြောက်ပိုင်း၊ ၀စ်ကွန်စင်ပြည်နယ်၊ မီဝေါကီးမြို့ရှိ အသက် သုံးနှစ်အရွယ် ကလေးငယ် ယောက်ျားလေး တစ်ဦးသည် မိခင်ဖြစ်သူ၏ ကားဒစ်ရှ်ဘုတ်အတွင်းမှတွေ့ရှိသည့် သေနတ်ဖြင့် မိမိကိုယ် ကိုယ် ပစ်ခတ်ခဲ့ခြင်းကြောင့် မေလ ၅ ရက်က ၎င်းမှာစိုးရိမ်ဖွယ်ရာ အခြေအနေတွင်ရှိသည်ဟု သိရသည်။
ကယ်ဗင်ဒိုနေးအမည်ရှိ ၎င်းကလေးငယ်တို့ မိသားစုသည် ပြီးခဲ့သည့် မေလ ၃ ရက်က ဈေးဝယ်ရာမှ ပြန် လာပြီးနောက်ပိုင်း ယခုလိုဖြစ်ရပ် ဖြစ်ပွားခြင်းဖြစ်သည်ဟု WITI သတင်းဌာနက ထုတ်ပြန်ခဲ့သည်။
အခင်းဖြစ်ပွားသည့်ရက်က လူကြီးများ အလုပ်ရှုပ်နေသည့်အချိန်တွင် ကယ်ဗင်မှာ ၎င်းသေနတ်ကိုရရှိခဲ့ပြီး မိမိ၏ဦးခေါင်းကို ကိုယ်တိုင်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ရဲအရာရှိများမှာလည်း ယင်းအမှုကိစ္စနှင့် ပတ်သက်၍ စုံစမ်းနေဆဲဖြစ်ပြီး ၎င်းပစ်ခတ်မှု မှာ ၀မ်းနည်းစရာကောင်းသော မတော်တဆ ဖြစ်ရပ်တစ်ခုသာ ဖြစ်သည်ဟု ယူဆရသည်။ ထို့ပြင် ယင်း အမှုနှင့်ပတ်သက်၍ ယခုအချိန်တွင် ဖမ်းဆီးမှုများ မရှိသေးပေ။
၎င်းကလေးငယ်၏ အဒေါ်ဖြစ်သူ ဘရစ်တနီပီတာဆစ်က WISN ရေဒီယိုသတင်းဌာနသို့ ပြောကြားရာ တွင် အခင်းဖြစ်ပွားသည့်နေ့က သူမနှင့် ကလေးငယ်၏ မိခင်ဖြစ်သူတို့မှာ ၎င်းတို့၏ အိမ်အတွင်းသို့ ရုပ်မြင် သံကြားစက်တစ်လုံးကို ရွှေ့နေကြသည့်အချိန်တွင် သေနတ်သံကို ကြားခဲ့ရသည်ဟု ပြောသည်။
သူမက ၎င်းသေနတ်သံမှာ ကယ်ဗင် ကားဆီသို့သွား၍ ကစားစရာ သေနတ်ဖြင့် ဆော့နေသည်ဟု ထင် မြင်ခဲ့သည်ဟု ပြောဆိုခဲ့သည်။
“ကလေးကတော့ အဲဒါကို ကစားစရာလို့ ထင်ခဲ့မှာပါ။ ဒါပေမဲ့ မတော်တဆမှုကတော့ ဖြစ်ပွားခဲပါတယ်။ ဒါဟာ ဂရုစိုက်ဖို့လိုအပ်တဲ့ အရေးကြီးမတော်တဆမှု တစ်ရပ်ပါ” ဟု ကလေးငယ်က အဘွားဖြစ်သူ ဂျိန်း ထရစ်ပလက်က အဆိုပါ ရေဒီယိုသတင်းဌာသို့ ပြောသည်။
ထို့အပြင် အခင်းဖြစ်ပွားချိန်တွင် အိမ်နီးချင်းများမှာလည်း ကူညီရန်အတွက် အပြေးအလွှား ရောက်ရှိခဲ့ကြ သည်ဟု အဘွားဖြစ်သူက ဆိုသည်။ ထို့ပြင် သူမ၏ သမီးဖြစ်သူမှာ လွန်ခဲ့သည့် သုံးနှစ်ခန့်က သူမ၏ကား ကို လူဆိုးများက လုယက်ယူဆောင်မှု ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း ယခုကဲ့သို့ ကားထဲတွင် လက်နက်ကို ယူ ဆောင် သွားနေရခြင်းဖြစ်သည်ဟု ဆိုသည်။
Aye Chan Mon# Credit To :Mizzima - News in Burmese
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.