0

လစ်သူရေးနီးယားနိုင်ငံသားတစ်ယောက်က Mrecedes ကားဟောင်းတစ်စီးကို အမြုပ်တွေဖြင့် ပြန်လည်မွမ်းမံ ပြီး အလှဆုံးကားတစ်စီးဖြစ်အောင် ဖန်တီးပြသခဲ့ပါတယ်။

ပြန်လည်ပြင်ဆင်လို့မရတော့ဘူးလို့ထင်ရပြီးအင်မတန်မှဟောင်းနွမ်းနေပြီဖြစ်တဲ့Mercedes-Benz CLK-Class ကားတစ်စီးကို အလှဆုံးဖြစ်အောင် သူတီထွင်ထားတဲ့ထူးဆန်းတဲ့အမြုပ်တွေဖြင့် ပြင်ဆင်မွမ်းမံပြသခဲ့တာပါ။ ကားတွင်သုံးလို့တဲ့အမြုပ်ဖြစ်အောင် နှစ်အနည်းငယ်ကြာတဲ့အထိ သူလေ့လာဆည်းပူးခဲ့ရပြီး ဒီနည်းပညာက အငြိအချွဲတွေကိုရောစပ်ပြီး ဆန့်တက်လာကာ ရလာတဲ့အမြုပ်နဲ့ဖယောင်းကတ္ထူစက္ကူ ကိုပူးတွဲအသုံးပြုရတာပါ။ အပြင်ဘက်ပိုင်းရော အတွင်းဘက်ပိုင်းတွေကိုပါ ထူးဆန်းတဲ့အမြုပ်တွေဖြင့်လိုရာပုံသွင်းကာ ဒီဇိုင်းအသစ်ဖော်လိုက်ပါတယ်။ နောက် ကပ်လိုက်တဲ့အမြုပ်တွေကို ညီညီညာညာဖြစ်သွားအောင် လှီးဖြတ်ထုတ်လိုက်ပြီး လိုအပ်တဲ့ပစ္စည်းတွေထပ်မံတပ်ဆင်လိုက်ကာ ဆေးမှုတ်လိုက်ပြီး နောက်တွင် ထူးဆန်းအံ့သြဖွယ်ရာ ပုံမှာမြင်တွေ့ရတဲ့အင်မတန်မှ လှပတဲ့ကားတစ်စီးကို မြင်တွေ့ရပါတော့တယ်။

ကားဟာမယုံနိုင်လောက်အောင်လှပသွားတဲ့အတွက် လူအများကစိတ်ဝင်စားခဲ့ပြီး ကားပြပွဲများတွင်လည်း သွားရောက်ပြသနိုင်ခဲ့ကာ လူမှုကွန်ရက်ဝက်ဆိုက်ဒ် တွေမှာလည်း ပျံနှံ့ကျော်ကြားခဲ့တဲ့ကားတစ်စီးလည်း ဖြစ်ခဲ့တယ်လို့သိရပါတယ်။

Ref : distractify
Colay.Automobile

Aye Chan Mon# Credit To : Colay:Automobile
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
 (4 photos)
2

Post a Comment

 
Top