ရန်ကုန်၊မေ ၁၂။
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဟိုင်းလတ်ယာဉ်များ မပြေးဆွဲရန်အတွက် ရွှေပြည်သာမြို့နယ်အပါအဝင်
(၄)မြို့နယ်အတွင်း ပြေးဆွဲနေသော ဟိုင်းလတ်ယာဉ်ငယ်လိုင်းများအား မ.ထ.သ မှ၂၀၁၃၊၁၂ လပိုင်း ပြေးဆွဲခွင့်ပိတ်ပင်လိုက်သောကြောင့်
ဟိုင်းလတ်ယာဉ်ငယ်များကိုသာ အားထား၍ လုပ်ငန်းခွင်ဝင်ရောက်နေသော ခရီးသည်များမှာ အခက်အခဲများကြုံတွေ့နေရကြောင်းသိရသည်။
ရွှေပြည်သာမြို့နယ်၊တာမွေမြို့နယ်၊တိုက်ကြီးမြို့နယ်၊သန်လျင်ကျောက်တန်းမြို့နယ်များတွင် ပြေးဆွဲနေသော ဟိုင်းလပ်ယာဉ်ငယ်လိုင်းများအား
ပြေးဆွဲခွင့်ပိတ်ခဲ့ပြီး ဟိုင်းလတ်ယာဉ်လိုင်းများအစား မီနီဘတ်စ်များကို အစားထိုး ပြေးဆွဲရန်သတ်မှတ်ခဲ့သည်။
“ကျွန်တော်တို့က တစ်နေ့လုပ်မှတစ်နေ့စားရတဲ့လူတွေပါ။ဒါကြောင့် ဈေးသက်သာတဲ့ ဟိုင်းလတ်ယာဉ်ကိုပဲ အားကိုးပြီးတော့ လုပ်ငန်းခွင်ဝင်ရတယ်။
ဟိုင်းလပ်ယာဉ်တွေ စီးရင်အန္တရာယ်တော့များတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အလုပ်ကမိုးချုပ်တယ်လေ၊ ဟိုင်းလတ်ယာဉ်တွေကပဲ မိုးချုပ်တဲ့အထိ
ပြေးဆွဲတာ။အထူးကားတွေ တခြားကားတွေက မိုးချုပ်ရင်မဆွဲတော့ဘူး။အဲ့ဒီတော့ ဟိုင်းလတ်ယာဉ်ကိုပဲစီးရတယ်၊အခုဟိုင်းလတ်ယာဉ်တွေ
ပြေးဆွဲခွင့်ပိတ်ထားတော့ ကျွန်တော်တို့အနေနဲ့လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါမှာ အခက်အခဲလေးတွေကြုံလာပါ တယ်”ဟု တိုက်ကြီးမြို့နယ်မှ မြို့တွင်းသို့လာရောက်အလုပ်လုပ်နေသောဦးအောင်မင်းကပြောသည်။
၎င်းဟိုင်းလတ်ယာဉ်ငယ်လိုင်းများ စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပြေးဆွဲခွင့်ပိတ်သိမ်းခြင်းကြောင့် ရွှေပြည်သာမြို့နယ်၊တာမွေမြို့နယ်၊
တိုက်ကြီးမြို့နယ်၊သန်လျင် ကျောက်တန်း မြို့နယ်များမှ ဟိုင်းလပ်ယာဉ်ငယ်(၈၀)စီးနှင့်လူအင်အား(၂၀၀)ဖြင့် ကျောက်တံတားမြို့နယ် ရဲစခန်း
ခွင့်ပြုမိန့်ဖြင့် မဟာဗန္တုလပန်းခြံအနောက်ဘက်တွင် လွန်ခဲ့သော ဧပြီ (၃၀)ရက်က ဟိုင်းလတ်ယာဉ်များ အစား မီနီဘတ်စ် ပြောင်းလည်ရန်အတွက် အချိန်ကာလ(၁၈)လ ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
ချစ်မင်းထွန်း
Aye Chan Mon# Credit To : The Myanma Age
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment