0


ဘန်ကောက် ၊ ၆-၅-၂၀၁၄

မေလ ၅ ရက်တွင် ကျရောက်သော ထိုင်းဘုရင် ၏ ၆၄ နှစ်မြောက် နန်းတက်ပွဲ အခမ်းအနား သို့ ထိုင်းဘုရင် ဘူမိဘောအဒူယာဒက်ခ်ျ တက်ရောက် ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနား ကို ပရာချွပ် ခီရီခန် ပြည်နယ် ၊ ဟွာအင်း အပန်းဖြေမြို့ ရှိ ကလိုင်းကာဝန်း နန်းတော် ၏ ယာယီ စံနန်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အခမ်းအနား ကျင်းပရာ ယာယီ စံနန်းသို့ ထိုင်းဘုရင် ၏ ယာဉ်တန်း ၀င်ရောက်လာစဉ် ထောင်ပေါင်း များစွာသော ပြည်သူလူထု များက ဘုရင်မင်းမြတ် အသက်ရှင် ပါစေ ဟု နှုတ်ခွန်းဆက်သ ခဲ့ကြသည်။

အဆိုပါ အခမ်းအနား သို့ တော်ဝင် မိသားစုများ ၊ အိမ်စောင့် ၀န်ကြီးချုပ် ရင်လပ် ရှင်နာဝပ်ထရာ နှင့် ဘုရင့် အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ပရမ်တင် ဆူလာနွန်ဒါ အပါအ၀င် အစိုးရ အဖွဲ့ ထိပ်တန်း အရာရှိကြီးများ တက်ရောက် ကြသည်။

အသက် ၈၆ နှစ်အရွယ်ရှိ ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်ခ်ျ သည် ၁၉၅၀ ပြည့်နှစ်က ဘန်ကောက်ရှိ တော်ဝင် နန်းတော် တွင် နန်းတက် ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Aye Chan Mon# Credit To : The Myawady Daily
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

 
Top