0

ထာဝရ ရှင်သန် ခြင်း ဆိုတာ ဘ၀မှာ နေပျော်တဲ့ လူတစ်ချို့ တောင့်တကြတဲ့ ဆုလဒ် တစ်ခုဆိုရင် မသေဆေးဆိုတဲ့ ထာဝရ နုပျိုစေခြင်း အကောင်းဆုံး ပင်ကိုယ်ဆေးဝါးတစ်ခုက ဘာများဖြစ်ပါမလဲ ? အခု ကျတော်တို့တွေ အသီးသီး အသက်တွေ ရလာကြပြီး ဘ၀မှာ တစ်ခါ တစ်ခါ နေရတာ မပျော်လာ ရတဲ့အခါ “ ကလေးပြန်ဖြစ်ချင်လိုက်တာ “ ကျောင်းတက်ရတဲ့ ဘ၀ကို ပျော်ခဲ့တဲ့သူတွေဆိုရင် “ ကျောင်းပြန်တက်ချင်လိုက်တာ “ လို့ အဲဒီလိုလေးတွေ ငြီးဖူးကြမယ်ထင်ပါတယ်။ ဟုတ်ရဲ့လားဗျ ။?

ဘယ်သူ ပြန်မငယ်ချင်ပါမလဲ ခင်ဗျ။ အရင် အရင်တုန်းတွေက ပုံပြင်တွေထဲမှာ ဘုရင်ကြီးတစ်ပါး သူရဲ့ မှုးမတ်တစ်ယောက်ကို မသေဆေးလိုက်ရှာခိုင်းတဲ့ ပုံပြင်တွေကို ကြားဖူးကြမယ်ထင်ပါတယ်။ တကယ်ရော တွေ့ခဲ့ပါမလားဗျာ။ အမှန်တော့ မသေဆေးဆိုတာ ကိုယ်ရဲ့ အနီးအနားမှာ ရှိနေပါတယ်ဗျ။
မသေဆေးရဲ့ နာမည်နောက်တစ်ခုရှိနေပါတယ်။ ဘာများဖြစ်မလဲဆိုတော့ “ စိတ်ပျိုကိုယ်နု”ဆိုတဲ့စကားလေး သိတယ်မို့လားဗျာ ။ တကယ်တော့ အဖြေက ဒီ “ စိတ်ပျိုကိုယ်နု” ဆိုတဲ့ ဆောင်ပုဒ်လေးဖြစ်ပါတယ်။ ဒီနေရာ မှာ နည်းနည်းလောက် ရှင်းပြပါရစေ ။ နားရူပ်သွားမှာ စိုးလိုပါ။ ကျတော်တို့ရဲ့ ရှင်တော် ဗုဒ္ဓဟောကြားမူတွေထဲမှာ “ စိတ်သာ ရှင်စော ဘုရားဟော “ ဆိုတဲ့ ဆောင်ပုဒ်လေးဟာလည်း ဒီနေရာမှာ အကျုံးဝင်နေတာကို တွေ့ရပါတယ်။

ဒီစကားဆောင်ပုဒ်လေးရဲ့ အဓိပ္ပာယ်ကို နားလည်နိင်အောင် ကျတော်တို့ ကိုယ်တိုင် ပြန် ပြီး ကျတော်တို့ ကိုယ်ပေါ်မှာ လေ့လာကြည့်ရအောင် ဗျာ။
ကျတော်တို့ အခုနေ ရေဆာတယ်ဆိုပါစို့ ဆာလာတဲ့ ရေကို သွားသောက်ဖို့ ဆန္ဒပြည့်ဝစေဖို့ ရေရှိတဲ့နေရာကို သွားရတယ်မဟုတ်လား ။ ထိုသွားတဲ့နေရာမှာ စိတ်မပါပဲ သွားလို့ရပါမလား ခင်ဗျာ.
ရေဆာနေတယ်။ သွားလည်း သောက်ရမှာ ပျင်းနေတယ်ဆိုရင်( စိတ်မပါဘူး) အဲဒီ ရေ တစ်နေကုန်သောက်ဖြစ်မှာ မဟုတ်ပါဘူး။ ( သူများလာခတ်တိုက်ရင်တော့ တစ်မျိုးပေါ့ ) နော် ။
ဒါက ရေသောက်တဲ့နေရာပဲ ရှိပါသေးတယ်။ စိတ်ရဲ့ အရေးပါပုံကတော့ အံ့မခန်းပါ။ ဘ၀တစ်ခုလုံးနီးပါးလို့တောင် ပြောလို့ရပါတယ်။ ဘယ်သွားချင်လည်း ရောက်ဖူးတဲ့ နေရာဆို စိတ်ကူးထဲမှာ
သူအရင်ရောက်သွားပြီ။

ဒီလိုပါပဲ။ စိတ်က ကိုယ်ကိုယ်ကို ကလေးလို သတ်မှတ်ထားတဲ့ တစ်ချိန်လုံး သူဘယ်တော့မှာ လူကြီး ဖြစ်မှာ မဟုတ်ပါဘူး။ ဘယ်တော့မှ ကြိုးစားချင်စိတ်မရှိပါပဲ ဘယ်တော့မှ အောင်မြင်လာနိင်မှာ မဟုတ်ပါဘူး။ ထို နေရာမှာ ကြိုးစားချင်စိတ်ရိုရုံသာမက ထိုစိတ်ကို အမြဲတမ်း ရှိနေစေဖို့ ထက်သန်တဲ့ စိတ်က လည်း ရှိဖို့လိုပါလိမ့်မယ်။ ဒါမှ အောင်မြင်တဲ့ ဘ၀ကို ရရှိမှာ ဖြစ်ပါတယ်။

လူတစ်ယောက်တွေ့ဖူးပါတယ်။ သူက တောင်ကြီးက ပါ။ ရုပ်အသွင်ကတော့ မေးရိုးချွန်းချွန်းနဲ့ မိန်းမ ဆန်ဆန်ဖက်ကို ချောပါတယ်။ အမှန်က အသက် ၅၇ ၅၈ နှစ်လောက်၇ှိပါပြီ။ ( နောက်မှ သိ)
လူပျိုပေါက်တွေ ဆော့တဲ့ Dota ဆော့ပါတယ်။ ဖက်ရှင်ကိုလည်း ၁၄ နှစ်ကလေးလို့ အမိုက်စားဝတ်ပါတယ်။ တစ်ခု ချီးကျူးစရာက သူရဲ့ အလုပ်လုပ်ပုံ အရမ်းကို သွယ်လက်ပါတယ်။ လှုပ်ရှားမူကလည်း လူငယ်မယှဉ်နိင်ပါဘူး။ သူနဲ့ စကားတစ်ခါတစ်ခါ သွားပြောဖြစ်ရင် ရွှင်ရွှင် နောက်နောက်နဲ့ ရယ်ဖြစ်ခဲ့တာ များပါတယ်။

ဟုတ်ပါတယ်။ “ စိတ်ပျို ကိုယ်နုပါ။ “

အန်တီ မမကြီးတွေ နှလုံး အခံရှိတယ်ဆိုပြီး အိမ်ထဲကွေ့ကွေ့နေတာ ဘာလိုပါလဲ ? မြန်မာပြည်က အိမ်ထောင်ရှင်မ ဇနီးချောတွေ အိမ်ထောင်ပြုပြီးတာနဲ့ ရုတ်တရက် ၀တက်လာကာ အလှပျက်ရတာ ဘာလို့ပါလိမ့် ။ အရွှယ်မတိုင်ခင် ဆံပင်ဖြူကာ အများရဲ့ အဘွားကြီး အဘိုးကြီး လို့ အခေါ်ခံရတာ တွေအတွက်

“ စိတ်ပျို ကိုယ် နုပါ “ လို့

စိတ်ပျိုကိုနု ပျိုမျစ်ရောဂါကင်းလို့ တစ်ပြည်သားလုံး ရွှင်လန်း ကျန်းမာစေရန် ဆန္ဒပြုလျက် ..........

အောင်ဟိန်း ... ( ရိုးရာလေး )

ACM Credit To:YoYarLay
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top