0

Published on: May 7, 2014
Written by: အောင်သူ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ နယ်ရှိ ကျေးရွာအချို့တွင် သောက်သုံးရေအတွက် ကန်ရေကိုသာ အဓိကထား အသုံးပြုနေရပြီး လာမည့်မိုးဦး၌ မိုးရွာသွန်းမှု နောက်ကျပါက ရေအခက်အခဲ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံကျေးရွာအချို့မှ သိရသည်။

နှစ်စဉ် ဖေဖော်ဝါရီလပိုင်းမှစ၍ ယခုကဲ့သို့ နွေရာသီကာလတွင် သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်လေ့ရှိသည့် စစ်ကိုင်းမြို့နယ် တောင်ရင်းကျေးရွာတွင် ပြီးခဲ့သည့် နှစ်များကဲ့သို့ ရေအခက်အခဲ မဖြစ်ပေါ်သေးသော်လည်း ကျေးရွာရှိကန်ရေများ ကုန်ခန်းချိန်နှင့် မိုးဦးနောက်ကျပါက ရေအခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများက ဆိုသည်။

“ဒီနှစ်က ပြီးခဲ့တဲ့ မိုးနှောင်းမှာ မိုးနည်းနည်းကောင်းလိုက်တော့ ဧပြီလအထိ ကန်ထဲမှာ ရေရှိနေသေးတယ်။ ဒါပေမဲ့ တစ်ရွာလုံးက ကန်ထဲမှာရှိတဲ့ မိုးရေကိုပဲ အဓိကထား အသုံးပြုနေရတဲ့အတွက် ကန်ရေခန်းပြီးနောက် မိုးလိုက်မလာသေးဘူး ဆိုရင်တော့ အရင်နှစ်တွေတုန်းကလိုပဲ ရေအခက်အခဲ ဖြစ်လာနိုင်တယ်” ဟု တောင်းရင်းမြောက်ရွာမှ ကိုလူမော်က ဆိုသည်။

အဆိုပါကျေးရွာတွင် မိုးရွာသွန်းမှု နည်းပါးသည့် နှစ်များတွင် ရေအခက်အခဲ ဖြစ်ပေါ်လေ့ရှိသောကြောင့် နေအိမ်အများစု၌ ရေစည်လှည်းများထားရှိပြီး ရေအခက်အခဲ ဖြစ်ပေါ်သည့်နှစ်များတွင် ရေမခပ်နိုင်သူများမှာ ရေကိုဝယ်ယူ သုံးစွဲရကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် ရေအခက်အခဲ ဖြစ်ပေါ်ခဲ့သောကြောင့် မြစ်ရေငါးဂါလန်ဝင် ပလတ်စတစ် တစ်ပုံးကို ကျပ် ၂၀၀၊ ကန်ရေသုံးပုံးကို ကျပ် ၅၀၀ နှင့် မြစ်ရေ ရေစည်လှည်းတစ်စီးကို ငွေကျပ် ၃၀၀၀ ဖြင့် ၀ယ်ယူသုံးစွဲခဲ့ရကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ် တောင်ရင်းမြောက်ရွာရှိ ရေကန်တွင် ဒေသခံများ ရေခပ်နေမှုအား ဧပြီ ၂၉ ရက်က တွေ့ရစဉ်

Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

 
Top