၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲ ကျင်းပရေးတို့ကို ဆောင်ရွက်ရာမှာ တိုင်းပြည်ဆူပူမှုမရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
ဒီလုပ်ငန်းတွေဆောင်ရွက်ရာမှာ အချုပ်အခြာအာဏာကို အထိပါးမခံဘဲ ဥပဒေဘောင်အတွင်းက ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က မန္တလေးမြို့ မြို့တော်ခန်းမမှာ မနေ့က ပြုလုပ်တဲ့ ၂၀၁၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှု ဂုဏ်ပြုပွဲအခမ်းအနားမှာ အခုလို ပြောကြားခဲ့တာပါ။
"ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဒီကိစ္စဟာ ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းကိစ္စတွေ ဖြစ်ပါတယ်၊ ကျနော်တို့ အချုပ်အခြာအာဏာကို အထိအပါးမခံပဲ ဥပဒေဘောင်အတွင်းက ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်၊ တိုင်းပြည်ဆူဆူပူပူဖြစ်မှာကို ဘယ်သူမှမလိုလားပါဘူး၊ ကိုယ့်တိုင်းပြည် ဆူဆူပူပူဖြစ်ရင် ကိုယ့်တိုင်းပြည်ပဲ နစ်နာရမှာဖြစ်ပါတယ်၊ နစ်နာဆုံးရှုံးမှုမဖြစ်ရအောင် နိုင်ငံကိုချစ်တဲ့ ရဟန်းရှင်လူပြည်သူတွေအားလုံး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ရပါမယ်"
ဒါ့ပြင် သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီ ပြောင်းလဲစနိုင်ငံတွေမှာ ရင်ဆိုင်ကြရလေ့ရှိတဲ့ စိန်ခေါ်မှု အခက်အခဲတွေကို ကျော်လွှားနိုင်ရေးအတွက် ပြည်သူတွေရဲ့ အားပေးထောက်ခံမှုနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေ လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
Aye Chan Mon# Credit To : RFA Burmese
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment