ရန်ကုန် ၊ ၂၂-၅-၂၀၁၄
ရန်ကုန် အနောက်ပိုင်း ခရိုင် ၊ အလုံမြို့နယ် ၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ယာဉ် နှစ်ဆင့် တိုက်မှုတစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆင်မင်းလမ်း အတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင် လာသော ဟွန်ဒါအင်ဆိုက် ယာဉ်သည် ဆင်မင်းလမ်း နှင့် အောက် ကြည့်မြင်တိုင် လမ်းထောင့် အရောက်တွင် အရှိန် မထိန်းနိုင်ဘဲ အောက် ကြည့်မြင်တိုင် လမ်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင် လာသော ပရိုဘောက် အငှားယာဉ် ကို နောက်မှ ၀င်တိုက်မိပြီး အောက် ကြည့်မြင်တိုင် လမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင် လာသော တိုယိုတာဘင် ယာဉ်ကို ဆက်တိုက် မိသဖြင့် ဟွန်ဒါအင်ဆိုက် (ပုံ) ယာဉ်မှာ ကားဦးခေါင်းပိုင်း ပျက်စီး၍ လေအိတ်ကွဲ သွားပြီး ကားဘီးကျွတ်ကာ ပလက်ဖောင်း ပေါ်သို့ ရောက်ရှိ သွားသော်လည်း လူအများ ထိခိုက် ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရှိရသည်။ ( ကိုတင်မောင်ဦး - အလုံ)
ACM Credit To:The Myawady Daily
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment