0
အလှပြင်ဆိုင်ကို သွားစရာ မလိုဘဲ သင့် ခြေသည်းတွေ လှပအောင် အိမ်မှာ မိမိဘာသာ ပြုလုပ်နိုင်တဲ့ လျှို့ဝှက်ချက်ကို အကြံပြုလိုက် ပါတယ်။

*နူးညံ့ ပျော့ပျောင်း စေရန် စိမ်ထားပါ

ခြေသည်း ဆိုးဆေး အဟောင်း တွေကို ဖျက်ပြီးတာနဲ့ ဆားခါး (Epsom Salt) စိမ်ထားတဲ့ ရေထဲမှာ စိမ်ထား ပေးပါ။ အချိန် ၁ဝမိနစ် လောက် စိမ်ပေးရင် သင့် ခြေချောင်း အရေပြားတွေနဲ့ ခြေသည်းတွေက နူးညံ့ ပျော့ပျောင်း နေပါ လိမ့်မယ်။

*ခြေသည်း ညှပ်ပြီး ပုံသွင်းပါ

ခြေသည်းညှပ် တစ်လက်ကို သုံးပြီး ခြေသည်းတွေကို အဖြောင့် အတိုင်း ညှပ်ပါ။ ပြီးရင် ခြေသည်းထိပ်တွေကို ပုံသွင်း ပေးတဲ့ အနေနဲ့ ညှိပေးပါ။

*ကြမ်းတမ်းသော အရေပြား နေရာကို ဖယ်ရှားပါ

ကြေးချွတ်တုံးကို သုံးပြီး ခြေသည်းမှာ ရှိတဲ့ အပြစ် အနာအဆာတွေကို ပွတ်တိုက် ဖယ်ရှား ပေးပါ။ ဒီလို ကြေးချွတ် ပေးတာက အသားမာတွေကို ကင်းစေပြီး ဆဲလ်သေ တွေကိုပါ ညင်ညင်သာသာ ကွာကျစေ ပါတယ်။ ပြီးရင် ကြက်သီးနွေး ရေနဲ့ ဆေးကြော သန့်စင်ပေးပါ။

*ချောမွေ့အောင် လိမ်းပါ

ခြေသည်းတွေနဲ့ ခြေထောက်ကို Shea butter ပါဝင်တဲ့ ခြေထောက်လိမ်း ခရင်မ် နဲ့ ပွတ်တိုက်ပြီး လိမ်းပေးရင် ခြေသည်းတွေကို စိုပြေ တောက်ပ နေစေပါတယ်။ ပြီးရင် ခြေချောင်းတွေ ကြားထဲကို တစ်သျှူးစ ခံပြီး အခြေခံ ခြေသည်း ဆိုးဆီ(Base Coat)ဆိုးပေးပါ

*လှပ အပြစ်ကင်းအောင် ခြေသည်းနီ ဆိုးပါ

ခြေသည်း ဆိုးတဲ့ အခါ ဆိုးတဲ့ ဘရပ်ရှ် ကို ခြေသည်းရဲ့ အလယ်မှာ စတင်ပြီး တင်ကာ အောက်ခြေမှ ထိပ်ကိုဆွဲသွားပါ။ ဘေးနှစ်ဖက်ကို ထပ်မံဆိုးပေးပြီး နောက်ထပ် တစ်ကြိမ် ထပ်ဆိုးပေးပါ။ ဒါမှ ကြာကြာခံမှာ ဖြစ်ပါတယ်။

မိန်းကလေးတိုင်းဝါသနာပါတဲ့ အလှအပတွေထဲ့က လက်သည်းခြေသည်းပြုပြင်နည်းလေးကို ဖေါ်ပြပေး
လိုက်ပါတယ်။ ၀ါသနာတူ သူငယ်ချင်းများအတွက်ပါ။

Credit : the Cutes blog
Photo by ပျိုမေတို့သိစေဖို့

ပျိုမေတို့သိစေဖို့

Post a Comment

 
Top