0


- အချို့လူတွေမှာ ကိုယ့်မှာလည်း ပြဿနာတွေ၊ လူမှုရေးတွေ၊
စီးပွါးရေးတွေနဲ့ လုံးလည်ချာလည်လိုက်နေတယ်။ လူက အား
နေပေမဲ့ စိတ်က အလုပ်တွေကို အများကြီး လုပ်နေရတယ်။

- တစ်ခါတစ်လေများ နာရီ၊ မိနစ်မခြားဘဲ လုပ်မိတဲ့အရာတွေကို
တောင် ပြန်ပြန် မမှတ်မိ တတ်ဘူး။ ငါဘာပြောမိခဲ့လဲ၊ ဘာလုပ်
မိခဲ့လဲဆိုတာတွေ ဖြစ်တယ်။ အ ပိုပြောတယ်လို့ မ ထင်စေချင်
ဘူး။ အလုပ်အများကြီး လုပ်ဖူးတဲ့သူတိုင်း ကြုံဖူးမယ်ထင်တယ်။

- ဒါကြောင့် တစ်ခါတစ်လေများ လူ့ဘ၀ကြီးကို စိတ်ဆင်းရဲလိုက်
တာ၊ စိတ်ပျက် လိုက်တာ၊ စိတ် ကုန်လိုက် တာလို့ ညည်းငြူကြ
တယ်။

- ဒီလိုအချိန်မျိုးမှာ သူတစ်ပါးရဲ့ ခံစားချက်၊ ပြဿနာတွေ ကို
နားမထောင် ချင်ဘူး။ အချိန်လည်း မပေးချင်ဘူး။ ကိုယ် တိုင်
စိတ်ပျက်နေတာ၊ စိတ်ဆင်းရဲနေတာကို သူတစ်ပါးရဲ့ ခံစားချက်
ပြဿနာတွေ လာပြောရင် အရမ်းစိတ်ပျက်မိတတ်တယ်။

- ပြော တဲ့သူ ကလည်း ငါက သူ့ကို အား ကိုးလို့၊ ယုံကြည် လို့၊
ရင်ဖွင့်စရာ လူမရှိလို့ ဆိုတဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ ပြော
ပေမဲ့ သူက ဂရုမ စိုက်ဘူး။ နားလည် မပေးနိုင် ဘူးဆိုပြီး တစ်
ခါတစ်လေ စိတ်ဆိုးတယ်။ စိတ်ပျက်သွားတယ်။

- လူတိုင်း လူတိုင်း ပြီးပြည့်စုံနေတာ မရှိတဲ့ အတွက် အဲဒီ အခါ
မျိုးမှာ “ သြော်... သူ့မှာလည်း စိတ်ညစ် စရာ၊ စိတ်ဆင်းရဲစရာ၊
မအားလပ်တာစတဲ့ အကြောင်းမျိုးမျိုးရှိနေလို့ နေမှာပဲ”ဆိုပြီး တ
ဖက်သား အပေါ်ရိုးရိုးသားသားလေး နားလည်ပေးစေချင်တယ်။

- အချို့လူတွေက ကိုယ့်ခံစားချက်ပဲ သိပြီး သူတစ်ပါးရဲ့ ခံစား
ချက် ကိုနားလည် မပေးနိုင်ဘူး။ သိလည်း မသိဘူး။ သိအောင်လည်း
မကြိုးစားဘူး။ ဒီလိုလူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ တစ်ခါ
တစ်လေ အရမ်းပဲ စိတ်ပင်ပန်းတယ်။

- “ဌေး”သာမဏေကျော်ဆရာတော်

Dhamma Danã Source ►www.facebook.com/youngbuddhistassociation.mm

Aye Chan Mon# Credit To :Young Buddhist's Association
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top