ကမ္ဘာမြေပေါ်မှာ သက်ရှိ ထင်ရှား ရှိခဲ့ဖူးတဲ့ အကြီးဆုံး သတ္တဝါလို့ ယူဆရတဲ့ ဒိုင်နိုဆော တကောင်ရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းတွေကို ရှေးဟောင်း သုတေသန ပညာရှင်တွေက အာဂျင်တီးနားနိုင်ငံမှာ တူးဖေါ် တွေ့ရှိခဲ့ပါတယ်။
လူ့အရပ်ထက် မြင့်တဲ့ ပေါင်ရိုးတွေ အပေါ် အခြေခံပြီး တွက်ချက်မှု တွေအရ ဒီဒိုင်နိုဆောဟာ ပေ ၁၃၀ ရှည်ပြီး၊ အမြင့် ၆၅ ပေ ရှိမယ်လို့ ခန့်မှန်း ရပါတယ်။
အလေးချိန် အားဖြင့် အာဖရိက ဆင် ၁၄ ကောင်ရဲ့ အလေးချိန်နဲ့ ညီမျှမယ့် ၇၇ တန် ရှိမယ်လို့ ယူဆရ ပါတယ်။
လည်ပင်းနဲ့ အမြီးရှည်လျားတဲ့ ဒီဒိုင်နိုဆော အမျိုး အစား အတွက် နာမည်တော့ မသတ်မှတ် ရသေး ပေမယ့် တွေ့ရှိရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း သတ္တဝါဟာ Titanasaurs အမျိုး အစား အုပ်စုမှာ ပါဝင်တယ်လို့ ဆိုပါတယ်။
BBC Burmese (5 photos)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.