0

“ဘုရားဂုဏ်တော်”တွေကို
တစ်ပါးပြီး တစ်ပါးလေ့လာပါ။
“တရားဂုဏ်တော်”တွေကို
တစ်ပါးပြီး တစ်ပါးလေ့လာပါ။
မြန်မြန်မလေ့လာပါနှင့်။
နှစ်ပေါင်းများစွာ ကြာချင်ကြာပါစေ။
တစ်ပါးပြီး တစ်ပါးလေ့လာလို့ သဘောကျတဲ့
ဂုဏ်တော်တွေကို ထပ်ခါထပ်ခါ
အာရုံ ပြုပြီးတော့ ရှိခိုးတဲ့အခါ အာရုံယူ၊
အဲဒါ “ဗုဒ္ဓါနုဿတိ ဘာဝနာ”ပဲ။

သြကာသ သြကာသတင် လုပ်မနေပါနဲ့။
ပြီးတော့မှ အားလုံး “အနိစ္စ၊ ဒုက္ခ၊ အနတ္တ”လို့
ဝိပဿနာ ရှုပါ။
တစ်မိနစ်လောက်နေပါ။
အချိန်အကြာကြီး မဟုတ်ပါဘူး။
အဲဒီလို နေပါ။ ငါးပါးသီလလုံတယ်။
ဘုရား၊ တရား၊သံဃာ့ ဂုဏ်တော်တွေကို သိတယ်။
အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ရှုတယ်။
ဒီလိုဆိုရင် အပါယ်မကျဘူး။
ရဲရဲတင်းတင်းသာနေ၊အပါယ်မကျဘူး။”

-【မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ】
[စံတော်ချိန် သတင်းစာ]

Dhamma Dãna Source ► ကိုလှိုင်တိုး &
www.facebook.com/youngbuddhistassociation.mm

Aye Chan Mon# Credit To : Young Buddhist's Association > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
4

Post a Comment

 
Top