0

ကမ္ဘာပေါ်ရှိမော်တော်ကားထုတ်လုပ်သောစက်ရုံများအနေဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် မြောက်မြားလှစွာသော ပြုပြင်ပြောင်းလဲမှုများကိုယနေ့တိုင် အစဉ်အမြဲ ပြုလုပ်လျက်ရှိပါသည်။ ၄င်း သဘောတရားကိုပင် အခြေခံ၍ လေကြောင်းဆိုင်ရာစက်ရုံများအနေဖြင့် လိုက်ပါလုပ်ဆောင်ရန် ဆုံးဖြက်ခဲ့ကြရာကမ္ဘာပေါ်ရှိလေယာဉ်ထုတ်လုပ်မှုတွင် ဦးဆောင်နေသော Airbus မှ လာမည့် နှစ်ပေါင်း ၁၅ နှစ်မှ နှစ် ၂၀ အတွင်း လျှပ်စစ်စွမ်းအင်အသုံးပြုကာမောင်းနှင်နိုင်မည့် လေယာဉ်များကိုထုတ်လုပ်သွားမည် ဖြစ်သည်ဟုပြောဆိုခဲ့ပါသည်။

လက်ရှိ Airbus မှ နမူနာထုတ်လုပ်ခဲ့သည့် နှစ်ယောက်ထိုင်ခုံပါ လျှပ်စစ်လေယာဉ်ပျံအား E-Fan ဟုအမည်ပေးထားပြီး ၄င်းသည် လျှပ်စစ်မော်တာနှစ်လုံးကိုအသုံးပြုကာပျံသန်း၍ မော်တာများမှ ထွက်ရှိသောလျှပ်စစ်ဓာတ်အားမှာ 60 Kilowatts ဖြစ်ပါသည်။ အရည်အသွေးများစွာကောင်းမွန်မှုမရှိသေးသော်လည်း ၄င်း သဘောတရားကိုပင် အခြေခံ၍ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပြီး ကြီးမားသော Jet လေယာဉ်များနှင့် အခြားသောလေယာဉ်ပျံများတွင် လျှပ်စစ်စွမ်းအင်သုံးစနစ်ကိုအသုံးပြုနိုင်ရန် Airbus မှ မျှော်လင့်ထားပေသည်။

လက်ရှိတွင် E-Fan အနေဖြင့် အချိန်နာရီဝက်ခန့်သာပျံသန်းနိုင်သေးကြောင်းသိရှိရပြီးနောက်ထပ် ပို၍ အချိန် နာရီဝက်ထပ်မံ (စုစုပေါင်း ၁ နာရီ) ပြီးပျံသန်းနိုင်ရန် Airbus မှ လတ်တလောရည်မှန်းလုပ်ဆောင်နေပါသည်ဟုသိရှိရပါသည်။

Ref:TTJ
WorldWide(BMSTU)

Aye Chan Mon# Credit To : TechSpace Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

 
Top