ဒီနှစ်မုတ်သုံလေမှာ မန်ယူတိုက်စစ်မျိုး ရှိဖို့လိုနေတယ်။
ကျွန်တော်နားလည်သလို ပြောဆိုပါမည်။
မုတ်သုံလေဦးအားရှာဖွေခြင်း။
၂၇-၄-၂၀၁၄
နံနက်(၇း ၃၀)နာရီ။
Man Utd- 4 --- Norwich -0 တဲ့။
ကောင်းလိုက်တဲ့မာန်ယူတိုက်စစ်။
ဒီပွဲရဲ့ ရလဒ်ကိုကြည့်ရင် မာန်ယူရဲ့တိုက်စစ်အားကောင်းပြီး၊ နော်ဝစ်ရဲ့ခံစစ်အား
မကောင်းတာကိုတွေ့ရတယ်။
ကျွန်တော် ဘောလုံးပွဲတွေ ၀ါသနာပါပေမယ့် မှန်မန်တော့ မကြည့်ဖြစ်ပါဘူး။
အိပ်ရေးပျက်မခံချင်တာလည်း ပါမယ်။
အဲ...မှန်မှန်ကြည့်ဖြစ်တာကတော့ မိုသုံလေဦးဘယ်ရောက်နေသလည်းဆိုတာပါဘဲ။
ဒီကနေ့မနက် မြေပြင်အထက် ပေ(၃၅၀၀၀) အမြင့်မှာ တိုက်ခတ်နေတဲ့
လေစီးကြောင်း အနေအထေားတွေကြည့်လိုက်တော့ မြန်မာနိုင်ငံမြောက်ပိုင်းအထက်လေထုမှာ အနောက်ဂျက်လေစီးကြောင်း(tropical Westerly Jet-TWJ) တွေ အားကောင်းကောင်းနဲ့ လွှမ်မိုးနေဆဲဖြစ်တာကိုတွေ့ရပါတယ်။ ဒီလေတွေက သမပိုင်းကလေတွေ။ သူတို့က ဆောင်းရာသီလေတွေ။ သူတို့က နွေရာသီမုတ်သုံလေ(Summer Monsoon WInds)တွေနဲ့ဆိုရင် အတိုက်အခံပါတီဝင်တွေပေါ့။ သူတို့က ခံစစ်အားကောင်းကောင်းနဲ့
တွင်ကျယ်နေမှတော့ မြန်မာပြည်ထဲကို ၀င်လာရမယ့် အနောက်တောင်မုတ်သုံလေတွေဟာ ခံစစ်အားကောင်းလှတဲ့ တစ်ဖက်အသင်းနဲ့တွေ့နေရသလို ထိုးဖေါက်ဖို့ခက်နေတော့တာပေါ့။
တစ်ခါ တိုက်စစ်အားဖြစ်တဲ့ ရှေ့တန်းတိုက်စစ်မှူးး Tropical Easterly Jet - TEJ ကတော့
မြင်တောင်မမြင်ရသေးပါဘူး။ ဒါ့ကြောင့်လေည်း မုတ်သုံလေဦးဟာ အီကွေတာနားမှာဘဲ ကုပ်ချောင်းချောင်းနဲ့ ပျောက်သွားလိုက် အထင်မရှားလေးပေါ်လာလိုက် နဲ့... ပီဘိ သနားစရာလေး။ တိုက်စစ်အားကတော့ပျော့လှသဗျာ။
ဒီနှစ်အနောက်တောင်မုတ်သုံအသင်း ခြေမပေါ်သေးဘူးဗျ။ ခြေမတွေ့သေးတာသာဖြစ်ပါစေ။ နောက်ပိုငး ကစားကွက်အသာစီးနဲ့ လေထုပိုင်ဆိုင်မှု အသာစီးနဲ့
ခြေစွမ်းတွေပြသလာနှိုင်ပါစေလို့တာ့ ဆုတောင်းမိသဗျ။
ဒီနှစ်မုတ်သုံလေမှာ မန်ယူတိုက်စစ်မျိုး ရှိဖို့လိုနေကြောင်းပါဗျာ။
မောင်ထွန်းလွင် (မိုးလေ၀သ)
Aye Chan Mon# Credit To : Tun Lwin > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment