စေတနာဆိုးရင် ကံဆိုးတာပါပဲ။ စေတနာကောင်းရင် ကံကောင်းတာပါပဲ။ ကံကောင်းဖို့ ဘာမျှအခက်အခဲမရှိဘူး။ ငါ့ကံ ကောင်းသလား ၊ မကောင်းဘူးလားဆိုတာကို ဗေဒင်မတွက်နဲ့ သိတယ်။ လက္ခဏာမမေးနဲ့ သိတယ်။ ကံကောင်းသလား ၊ မကောင်းသလား ဆိုတာကို ကိုယ့်စေတနာကို ကိုယ့်ဥာဏ်နဲ့ ကိုယ့်ဟာကိုယ်တွက်ကြည့်ရင် မသိဘူးလား။ စေတနာဆိုးကြရင် ကံဆိုးတာပါပဲ။ စေတနာကောင်းကြရင် ကံကောင်းကြတာပါပဲ။ စေတနာကို ကံလို့ ခေါ်ကြတာ မဟုတ်ဘူးလား။
ကိုယ့်စေတနာ ကိုယ်တွက်မှ သိတာ။ သူများတွက်လို့ ကိုယ့်စေတနာကို သိပါ့မလား။
မသိဘူး။ အေးဗျာ။ အဲဒါ ကိုယ့်စေတနာ ကိုယ့်ဟာကိုယ်တွက်ရင် သိနိုင်လျက်နဲ
့ဟိုလူသွားမေးရ ၊ ဒီလူသွားမေးရနဲ့ ဘယ်နှယ့်ကြောင့် သူများသွားသွားပြီး
ကိုယ့်စေတနာကို မေးနေရတာလဲ။
ကံကောင်း ကံဆိုး သူများမမေးနဲ့ ။ ကိုယ့်ကိုကိုယ်မေး။ ဘုန်းကြီးတို့ ပရိတ်သတ်များ ကိုးကွယ်မှု အဆင့်အတန်းမြင့်ဖို့ ဟုတ်လား။ အပြင်ဘက်မှာ အကူအညီမရှာရဘူး။ မိမိမှာ အကူအညီတွေ အပြည့်အစုံရှိပါတယ်။
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

Post a Comment