ရန်ကုန်၊ ဧပြီ ၂၇
၂၆.၄.၂၀၁၄ ရက်နေ့ ၁၅၁၅ အချိန်တွင် လှိုင်မြို့နယ်၊(၁၃)ရပ်ကွက်၊ သီရိမြိုင်
လမ်းနှင့် ပန်းခြံကျောင်းလမ်းထောင့်၊ မ/၁ ၉နေ ဦးဝင်းကြိုင်၊(၆၆)နှစ်၊ (ဘ)ဦးသန်း၏အိမ်မှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး ပတ်ဝန်းကျင်ရှိနေအိမ်
များသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ်များရောက်ရှိမီးငြှိမ်းသတ်
ခဲ့သဖြင့် ၁၅၄၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
မီးလောင်မှုဖြစ်ပွားရခြင်းမှာ အဆိုပါနေအိမ်၏အပေါ်ထပ်၌ လေစုပ်စက်
အတွင်းရှိ မော်တာလည်ပတ်မှုမှား ယွင်းရာမှ အပူရှိန်လွန်ကဲပြီး ၀ါယာရှော့
ဖြစ်ကာ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်းသိရှိရပါသည်။
အဆိုပါမီးလောင်မှုတွင် နေအိမ်(၆)လုံး မီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုးငွေကျပ်
(၂၅၇၀၀၀၀)ဆုံးရှုံးခဲ့ကြောင်းသိရှိပါသည်။
ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဦးဝင်းကြိုင်အား လှိုင်မြို့မရဲစခန်း
(ပ)၂၃၈/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။
Aye Chan Mon# Credit To : Yangon Police > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment