PX ဆိုတာက ရေနံကြိုဓာတုပစ္စည်းတခုပါ။ တရုတ်အစိုးရ ဒီလိုစက်ရုံမျိုးအများအပြားတည်ဆောက်တဲ့ အကြောင်းအရင်းက ဒီပစ္စည်းကလူထုဝတ်တဲ့ သုံးတဲ့အထဲမှာ မရှိမဖြစ်သုံးနေရလို့။ တရုတ်မှာ ဒီလိုစက်ရုံနည်းပြီး ၅၀% လောက်က နိုင်ငံခြားကနေတင်သွင်းနေရတယ်။ PX စီမံကိန်းက စီးပွားရေးအရ အကျိုးအမြတ်များတယ်။ လက်ရှိ ဈေးကွက်ဆိုရင် ၄၀% လောက်မြတ်တယ်။ တရုတ်နိုင်ငံတခုလုံးအနေနဲ့ပြောမယ်ဆိုရင် ၂၀၁၅ ခုနှစ်မှာ တန်ချိန်ပေါင်း ၁၂ သန်းလောက်သွင်းရမယ်။ တစ်တန်ဈေးနှုန်းက ဒေါ်လာ ၂၀၀၀ ဝန်းကျင်ရှိတယ်။ ကိုယ့်ဘာသာထုတ်လုပ်နိုင်ရင် ဒေါ်လာ ၈၀၀ လောက် အမြတ်အစွန်းရှိတယ်။ ဒေါ်လာ ၁၀ ဘီလျံနီးပါးလောက် အမြတ်ရှိတဲ့လုပ်ငန်း။
ပြည်သူဘက်က ဆန့်ကျင်တဲ့အကြောင်းက ဒီလိုလေထုညစ်ညမ်းမှုများတဲ့ ကြားမှာ အဆိပ်တောင်ထွက်နိုင်တဲ့ စက်ရုံကို မြို့ကြီးနားမှာ လာပြီးတည်ဆောက်တယ်ဆိုရင် ကျန်းမာရေးအတွက် ဘယ်လေလာက်ထိ ထိခိုက်မလဲ။
အခုလက်ရှိအခြေအနေ တရုတ်မှာ Shameng , Dalian , Kunming , Changdu နဲ့ ဒီရက်ပိုင်းပဋိပက္ခဖြစ်နေတဲ့ Mao ming စသဖြင့် စက်ရုံစီမံကိန်းများ အကုန်ရပ်ထားရတယ်။
ပဋိပက္ခ အကျိုးသက်ရောက်သူများဖြစ်စဉ် ။
Shameng စီမံကိန်းစတုန်းက ထိုင်ဝမ်မှာ မွေးဖွားတဲ့ ပညာရှင်တယောက် တရုတ်လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်တဲ့ Miss Zhao Yu Feng က လွှတ်တော်မှာ အဆိုပြုလွှာတင်သွင်းတယ်။ တရုတ်သတင်းဌာနတခုက သူ့ကိုအင်တာဗျူးလုပ်တဲ့အချိန်မှာ ရေးသားတာက ဒီပစ္စည်းအဆိပ်ပြင်းတယ် ၊ ကင်ဆာဖြစ်စေတယ်၊ မူမမှန်တဲ့သန္ဒေသားဖြစ်နိုင်ဖို့ များတယ် ၊ နောက်ထပ် သတင်းဂျာနယ်တခုက ဒီလိုစီမံကိန်းက မြို့နဲ့အနည်းဆုံးကီလိုမီတာ ၁၀၀ အကွာဝေးရှိရမယ် ။ အခုလို ၁၆ ကီလိုမီတာပဲ ကွာတဲ့အတွက် မြို့ဘေးမှာ နျူကလီးယားဗုံးတလုံးထားထားသလို ဖြစ်တယ်။ ပြည်သူလူထုက ကင်ဆာနဲ့ မသန်စွမ်းတဲ့ ကလေးဒုက္ခတွေ ကြုံတွေ့ရပြီး နောက်မျိုးဆက်အတွက် သတိထားပါလို့ရေးသားထားတယ်….စသဖြင့် သတင်းစာအများအပြားမှာ လည်း ရေးသားကြတယ်။ ရေးသားတဲ့လူကလည်း တရုတ်ဆန့်ကျင်ရေးမှာ နာမည်ကြီးတဲ့ The Voice of Germany လွတ်လပ်တဲ့အာရှအသံများက ဆုပေးချီးမြှင့်ခံခဲ့ရတယ်…..။ ဒါပေမယ့် တကယ်ဖြစ်ရပ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကြေငြာချက်အရ လူကိုဆိုးကျိုးပေးတဲ့ပါဝင်နှုန်းက ဆားနဲ့ကော်ဖီ နဲ့ အတူတူလောက်ဖြစ်တယ်။ နောက်တခုက လက်ရှိတရုတ်ကို ဒီပစ္စည်းသွင်းနေတဲ့ ဂျပန် ၊ စင်္ကာပူ ၊ကိုရီးယား ၊ထိုင်ဝမ် အစရှိတဲ့နိုင်ငံတွေက စက်ရုံတည်ဆောက်တဲ့နေရာမှာ ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ စင်္ကာပူစက်ရုံက စင်္ကာပူမြို့ကြီးနဲ့ မီတာ ၉၀၀ ပဲကွာဝေးတယ်။ ဂျပန်က စက်ရုံတခုကလည် မီတာ ၄၀၀ ပဲမြို့နဲ့ကွာဝေးတယ်။ အခုဖြစ်နေတဲ့ Mao ming ပဋိပက္ခပေါ်မှာလည်း နိုင်ငံတကာ နာမည်ကြီးမီဒီယာ အချို့ရေးသားချက်က ၁၅ ယောက်ထက်မနည်း သေဆုံးပြီး (တကယ့်ဖြစ်ရပ် တယောက်မှ မသေ) တ၇ုတ်အစိုးရက တင့်ကားတွေနဲ့ မြို့ထဲဝင်ပြီးနှိမ်းနှင်းတဲ့အကြောင်း ( ပြီးခဲ့တဲ့ ၁၀ နှစ်ရဲ့ အခြားစစ်ဆင်ရေး ဓါတ်ပုံနဲ့) ။ ဒီထက်ပိုဆိုးတာက ဒီလိုနှိမ်နှင်းမှုက တရုတ်ရဲ့လာဘ်စားမှုတိုက်ဖျက်ရေးမှာ ဖမ်းတော့မယ့် လူကြီးဟောင်းနဲ့ အခုလက်ရှိ လူကြီးတွေရဲ့ အာဏာယှဉ်ပြိုင်မှုလည်း ပါဝင်ကြောင်းရေးသားထားတယ်။
အတွေ့အကြုံယူတာမယူတာတပိုင်း ၊ အနည်းဆုံးတော့ အမြင်ကျယ်စေတဲ့ ကိစ္စတခုပါ။
(ပုံ http://gdb.voanews.com/24377EF5-786F-4151-96F1-1C30500665AD_w268.jpg)
(Kunming မှာဖြစ်ခဲ့တဲ့အကြမ်းဖက်မှုဓာတ်ပုံကို VOAကဒီမှာထည့်သုံးတယ်)
Aye Chan Mon# Credit To : နည်းစနစ်ကျကျအတွေးအခေါ် > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment