တရုတ်နိုင်ငံ မှာ ကျင်ငယ်ရည် နဲ့ ပြုတ် တဲ့ ကြက်ဥပြုတ် ကို စားပါက ကျန်းမာရေး ကောင်းမွန်တယ်လို့ ယူဆ ထားကြ ပါတယ်။ ကျင်ငယ် ရည် နဲ့ ပြုတ်တဲ့ ကြက်ဥပြုတ် ကို ရှေး နှစ်ပေါင်း များစွာ ကတည်း က စားသုံး ခဲ့ ကြ တယ် လို့ သိရ ပါတယ်။ တရုတ် လူမျိုး တွေဟာ ကျင်ငယ်ရည် ကို သောက်သုံး ပါက ကျန်းမာ ရေး ကောင်း မွန် တယ်လို့ ယူဆထားပါတယ်။ တရုတ်နိုင်ငံ၊ အရှေ့ပိုင်း Zhejiang အရပ် ဒေသ ရှိ Dong yang မြို့ မှာ ကြက်ဥပြုတ်တွေ ကို ကျင်ငယ်ရည်နဲ့ ပြုတ်ပြီးရောင်းချနေတယ်လို့ သိရပါတယ်။ ကျင်ငယ်ရည်ဟာ လတ် ဆက် တဲ့ ကလေးသူငယ်တွေရဲ့ ကျင်ငယ်ရည် ဖြစ် ပါတယ်။ ကျင်ငယ်ရည် တွေရဖို့ ကျောင်းတွေ ကနေ ယူခဲ့ တယ် လို့ ဆိုပါတယ်။ ကျင်ငယ်ရည် နဲ့ ပြုတ်ထားတဲ့ ကြက်ဥပြုတ်တွေဟာ ကျန်း မာရေးကို များစွာ အထောက် အကူဖြစ်စေပါ တယ်။ နှစ်ခြိုက်စွာ အိပ်ပျော်စေတဲ့အပြင် သွေး လည်ပတ်မှုကိုလည်း အားကောင်းစေပါတယ်။
ဒီကြက်ဥပြုတ် ကို တရုတ်ပြည် ပြင်ပ မှာ ရောင်းချဖို့ကို တောင် တိုက်တွန်းမှုတွေရှိ နေပါတယ်လို့ ပြော ကြား ခဲ့ပါတယ်။ ဒါပေမဲ့ ကြက်ဥဟာ လယ်တောထဲက ထွက်တဲ့ လတ် ဆတ်တဲ့ကြက်ဥဖြစ်ဖို့ လို ပါတယ်။ ကျင် ငယ် ရည်ကို ပွက်ပွက်ဆူအောင် ပြုတ်ပြီး ကြက်ဥ တွေကို လောင်းချပြီး တဲ့နောက် အကာ ကျက် သွားပါက စား သုံး နိုင်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ အချို့သူတွေကတော့ ကျင်ငယ်ရည်နဲ့ ပြုတ် ထားတဲ့ ကြက်ဥဟာ ကျန်းမာရေးကို အ ထောက် အကူ ဖြစ်စေ မှာ မဟုတ်ဘူး လို့ မှတ် ချက်ပြု ထား ပါတယ်။ အသက် (၃၈) နှစ် အ ရွယ်ရှိ Wang Junxing က ““ဒီကြက်ဥ ကို စားရင် အအေးဒဏ်ကို ကာကွယ်ပြီး ကျန်းမာ ရေးကောင်းတယ်လို့ ပြော နေ ကြ ပေမယ့် ကျွန်တော်ကတော့ လုံးဝ မယုံကြည်ပါဘူး”” လို့ ဆို သွားပါတယ်။ ရိုက်တာ သတင်းဌာန ရဲ့ ဖော်ပြချက်အရ တရုတ်နိုင်ငံက ဆရာဝန် တွေဟာ အညစ်အကြေးတွေနဲ့ ချက်ပြုတ် ထားတဲ့ အစားအစာတွေကို မစားသုံးသင့်ဘူး လို့ သတိပေးထားပါတယ်။
Aye Chan Mon# Credit To : New Myanmar News > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.