ပုံမှာ မြင်တွေ့နေရတဲ့ အကောင်က အရုပ် မဟုတ် ပါဘူး။ ကမ္ဘာ့ အကြီးဆုံး သင်းခွေချပ် မျိုးနွယ်လို့ သတ်မှတ် ထားတဲ့ Giant pangolin မှ တစ်ကောင် ဖြစ်ပါတယ်။ ၄ ပေ ၆ လက်မ အရှည် ရှိပြီး ပေါင်ချိန် ၇၂ ပေါင် ရှိတာကြောင့်ကမ္ဘာ့အရွယ်အကြီးဆုံး သင်းခွေချပ် အဖြစ် စံချိန် တင်ထားခြင်း ဖြစ်ပါတယ်။
နေထိုင် ကျက်စားတဲ့ နိုင်ငံ ကတော့ အာဖရိက အနောက်ပိုင်း ဒေသ တစ်လျှောက် ကနေ ယူဂန်ဒါ နိုင်ငံ အထိ ဖြစ်ပါတယ်။ အင်းစက်၊ အကောင် သေး များကို စားသုံး နေထိုင်ပြီး သားကောင်ကြီးတို့ အမဲလိုက်မှု ကိုလည်း ပြန်လည် ခုခံ နိုင်ပါတယ်။ အကြောင်း ကတော့ သူ့ရဲ့ ကြီးမားတဲ့ ထူတဲ့ အခွံကြောင့် ဖြစ်ပါတယ်။ ဘယ် သားကောင်ကောင် လာဖမ်းဖမ်း ပြန် တိုက်ခိုက် နိုင်သလို၊ အခွံမာထဲ ဝင်လုံးလို့ ပြန်ခုခံ နိုင်စွမ်းလည်း ရှိပါတယ်။
အရေအတွက် ကတော့ နည်းနေ ပါပြီ။ ဒါကြောင့်မို့ Giant pangolin ကို ကမ္ဘာ့ ရှားပါး သင်းခွေချပ် မျိုးနွယ်ထဲမှာ ထည့်သွင်း ထားကြောင်း သိရ ပါတယ်။
.
Ref:wiki
အောင်ခမ်း (ရိုးရာလေး)
Aye Chan Mon# Credit To :YoYarLay> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.