0

21-4-2014
9:05 AM
မောင်ထွန်းလွင်(မိုးလေ၀သ)

ကျွန်တော့် တစ်သက်တာဘ၀မှာ စာဖတ်ရင်း ကြက်သီးမွှေးညှင်းတွေထလောက်အောင်
စိတ်လှုပ်ရှားမှုကို ခံစားရတာ (၂)ကြိမ်ဘဲဖြစ်ဘူးပါတယ်။
ပထမတစ်ကြိမ်ကတော့ အထက်ကျောင်းသားဘ၀တုံးက ဗိုလ်ချုပ်အောင်ဆန်း အထုပ္ပတ္တိကို ဖတ်ရတုန်းကတစ်ကြိမ်ဖြစ်ပြီး၊
ဒုတိယအကြိမ်ကတော့ ဒီကနေ့(၂၁-၄-၂၀၁၄ရက်) တနင်္လာနေ့ မနက်မှာဖတ်ရတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ အထုပ္ပတ္တိကို ဖတ်ရတဲ့အကြိမ်ဖြစ်ပါတယ်။

အဘနဲ့ကျွန်တော်ဟာ လူသက်အနေနဲ့ (၁၈)နှစ်လောက်သာကွာပေမယ့်
နိုင်ငံရေးအမြင် လူမှုရေးအမြင်မှာတော့ ကျွန်တော့ရဲ့အသက်တမျှ ကွာခြားလွန်းပါတယ်။

စံနမူနာကောင်းပြသသွားသူ
သံမဏိစိတ်ဓါတ်ပြသသွားသူ
လူဆိုတာ ပတ်ဝန်းကျင်ကိုဦးဆောင်မှုပေးရမယ်လို့ စံနမူနာပြသွားသူ
လူသားဆန်လွန်းပြီး မဟာလူသားပီသသူ
ရာထူးဂုဏ်ထူးတွေနဲ့သွေးဆောင်မရတဲ့သူ
နောက်ဆုံးထွက်သက်အထိ မိမိယုံကြည်ချက်ကို မစွန့်လွှတ်ခဲ့တဲ့သူ
မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြလို့ကြွေးကြော်သွားခဲ့သူ

ကိုယ့်ကိုယ်ကိုလောင်စာအဖြစ်သုံးပြီး ကမ္ဘာ နဲ့မြန်မာကို အလင်းရောင်ပေးသွားတဲ့ ဥက္ကာပျံလို
မဟာလူသား ဦးဦးအတွက် ၀မ်းနည်းတသစွာဖြင့် အဝေးမှ ကန်တော့လိုက်ပါတယ်။

မောင်ထွန်းလွင်(မိုးလေ၀သ)

Aye Chan Mon# Credit To : Tun Lwin > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
6

Post a Comment

 
Top