ဒီစာက အရက် သောက်ဖို့ အားပေး တာမဟုတ်ပါ။ အရက် သောက်ရင် သတ်မှတ်ထားတဲ့ ပမာဏထက် ပိုပြီး မသောက် ရင်တော့ အကျိုးကျေးဇူးတွေ ရနိုင်တဲ့ အကြောင်းပါ။ အမျိုးသမီးတွေ အတွက်ဆိုရင် တစ်ပါတ်ကို ၁၄ ယူနစ်၊ အမျိုးသား တွေဆိုရင် ၂၁ ယူနစ် အထိက သင့်တင့်မျှ တတဲ့ ပမာဏလို့ ဆိုကြပါတယ်။
အကြမ်း ဖျင်းအာဖြင့် ဆိုရရင် အမျိုးသား များက တစ်နေ့ကို ဘီယာ တစ်ပိုင့်ထက်၊ အမျိုးသမီး များက တစ်နေ့ကို ၀ိုင် (ခွက်အလတ်) တစ်ခွက်ထက်ပိုပြီး သောက်ရင် အကောင်းပါဘူး။ အများဆုံး သောက်ရင် တစ်နေ့ကို အမျိုးသား များက ၄ ယူနစ်၊ အမျိုးသမီးများက ၃ ယူနစ်ပါ့။ တခြားနေ့တွေမှာ ပိုပြီး လျှော့ရ မှာပါ။
(၁)အရက်နည်းနည်း လျှော့သောက်ရင် Diabetes Mellitus ဆီးချိုရောဂါ ဖြစ်နိုင်ခြေ နည်းသွား လိမ့်မယ်။ ဘာဖြစ်လို့ လည်းဆိုတော့ အရက် နည်းနည်းက Insulin အင်ဆူလင်ဓာတ်ကို အလုပ်ပိုလုပ်အောင် အားပေးတယ်။ များများ သောက်ရင်တော့ ဆီးချို ပိုဖြစ်တာပေါ့။
(၂)အရက်နည်းနည်း လျှော့သောက်ရင် Dementia သူငယ်ပြန် ရောဂါ ဖြစ်နိုင်ခြေ နည်းသွားမယ်။ အရက်နည်းနည်း သောက်တဲ့ သူတွေက Small Infarcts ဦးဏှောက် သွေးကြောငယ် လေးတွေ ပိတ်တာကို တားဆီးစေတယ်။
(၃)အရက်နည်းနည်း လျှော့သောက်ရင် မကောင်း တဲ့အဆီ Triglycerol တွေ မတက်တော့ဘူး။ ကောင်းတဲ့ အဆီ HDL တွေကို များစေတယ်။
(၄)အရက်နည်းနည်း လျှော့သောက်ရင် Heart Failure နှလုံးအားပျော့ အားနည်း ရောဂါ ဖြစ်နိုင်ဖြေ နည်းသွား မယ်တာ့။ အရက်နည်းနည်း သောက်တာက နှလုံးကို သွေးလျှောက်တာ ကို အားပေးပါ တယ်။
(၅)အရက်နည်းနည်း လျှော့သောက်ရင် Hypertension သွေးတိုးတာ လျှော့သွားမယ်။
(၆)အရက်နည်းနည်း လျှော့သောက်ရင် Atrial fibrillation နှလုံးခုန်နှုန်း မမှန်တဲ့ ရောဂါဖြစ်ခြင်း နည်းသွားမယ်။
(ရ)အရက်နည်းနည်းလျှော့သောက်ရင် Stroke လေဖြတ်တဲ့ရောဂါ ဖြစ်ဖို့လမ်း နည်းသွား နိုင်တယ်။
(ဂ)အရက်နည်းနည်း လျှော့သောက်ရင် Gall stones သည်းခြေကျောက်၊ Kidney stones ဆီးကျောက်ရာဂါ ဖြစ်တာ နည်းသွားမယ်။
(၉ )အရက်နည်းနည်း လျှော့သောက်ရင် အရိုးတွေ အားပိုကောင်း လာနိုင်တယ်။ များများသောက်ရင်တော့ အရိုးတွေ ပါးသွားမယ်။
(၁၀)အရက်နည်းနည်း လျှော့သောက်ရင် သေချာတာ ကတော့ Liver အသည်းရဲ့  သက်တမ်း ပိုရှည်ပြီး ကားတိုက် ဆိုင်ကယ်တိုက်တာ တွေ နည်းသွားမယ်။
အရက်လျှော့ သောက်ခြင်းဖြင့် သင့်မိသားစုကို စောင့်ရှောက်နိုင်ပါစေ။
Myanmar Heart Foundation
Aye Chan Mon# Credit To : Golden Land Myanmar > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment