0

Published on: January 1, 2014
Written by: ဝေယံဖြိုးဦး

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပါ ပုဒ်မ ၁၈ ကို ပယ်ဖျက်သည့် ဥပဒေကြမ်းအား အုပ်ချုပ်ရေးပိုင်းက ပြန်လည်ရုပ်သိမ်းရန် လိုလားနေသော်လည်း လာမည့်လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်ဟု ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ဒီဇင်ဘာ ၃၁ ရက်တွင် ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီသဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပါ ပုဒ်မ ၁၈ ကို ပယ်ဖျက်ရန် ပုဒ်မ ၁၈ ကို ပယ်ဖျက်သည့် ဥပဒေကြမ်းအား ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့သော်လည်း လက်ရှိအချိန်တွင် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူအချို့က ပြန်လည်ရုပ်သိမ်းစေလိုကြောင်း၊ သို့သော် လာမည့်လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း သူရဦးအာင်ကိုက ပြောကြားသည်။

“ပုဒ်မ ၁၈ ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြန်လည်ရုပ်သိမ်းစေဖို့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူအချို့က လိုလားပါတယ်။ သို့သော် ပုဒ်မ ၁၈ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော်မှာ ဆက်လက်ဆွေးနွေးပြီး အောင်မြင်အောင် ဆောင်ရွက်ပေးဖို့ ပြည်သူတွေထံကနေ အကြံပြုစာ ၁၀၀ ကျော် ရောက်ပါတယ်။ လွှတ်တော်ထဲမှာလည်း ဒီဥပဒေကြမ်းကို ထောက်ခံတဲ့ ကိုယ်စားလှယ်တွေ ရှိသလို မထောက်ခံလိုတဲ့ ကိုယ်စားလှယ်တွေလည်း ရှိကြပါတယ်။ ဒီအတွက် လာမယ့်လွှတ်တော်မှာ ဒီဥပဒေကြမ်း ပြဋ္ဌာန်းနိုင်ရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ချပြဆွေးနွေးပြီး ဆက်လက်ဆွေးနွေးသွားဖို့ ရှိပါတယ်” ဟု သူရဦးအာင်ကိုက ပြောကြားသည်။

ပုဒ်မ ၁၈ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော်မှာ ဆက်လက်ဆွေးနွေးပြီး အောင်မြင်အောင် ဆောင်ရွက်ပေးဖို့ ပြည်သူတွေထံကနေ အကြံပြုစာ ၁၀၀ ကျော် ရောက်ပါတယ်။ လွှတ်တော်ထဲမှာလည်း ဒီဥပဒေကြမ်းကို ထောက်ခံတဲ့ ကိုယ်စားလှယ်တွေ ရှိသလို

“ဒီနေ့ နိုင်ငံတော်သမ္မတကြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့တာလည်း နိုင်ငံအတွက်ရော၊ ပြည်သူအတွက်ပါ အင်မတန်မှ မင်္ဂလာရှိပါတယ်။ သို့သော် ပုဒ်မ ၁၈ ကို ပြင်ဆင်နိုင်ခြင်း မရှိရင် ဒီလိုမင်္ဂလာမျိုးကို နှစ်ကုန်တိုင်း၊ နှစ်တိုင်းနှစ်တိုင်း လုပ်နေရမယ့် သဘောရှိပါတယ်။ အဲဒီအတွက် ကျွန်တော် ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လာမယ့်လွှတ်တော်မှာ အကောင်းဆုံးဖြစ်အောင် ဆက်လက်ဆောင်ရွက်ပါမယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြင်ဆင်ချက်ပုဒ်မပေါင်း ၂၃ ချက် ပါဝင်ကြောင်း သိရသည်။

သူရဦးအောင်ကို ပယ်ဖျက်မည့် ပုဒ်မ ၁၈ သည် “မည်သူမဆို ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်းစွာစုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃၀၀၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟုပါရှိသည်။

လက်ရှိအစိုးရ တာဝန်ယူပြီးနောက် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဥပဒေ ထွက်ပြီးနောက် ပုဒ်မ ၁၈ ဖြင့် အရေးယူခံရသူ အများအပြား ရှိနေပြီဖြစ်သည်။

Aye Chan Mon# Credit To :Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top