ရန်ကုန်၊ ဒီဇင်ဘာ ၃၁၃၁.၁၂.၂၀၁၃ ရက်နေ့ ၁၃၃၀ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ကန်/တောင်ရပ်ကွက်၊ မြန်မာ့ဂုဏ်ရည်လမ်းနှင့် ၉၃လမ်းထောင့် ရေမြောင်းတံတားအနီးတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/တောင်ရပ်ကွက်နေ မျိုးမင်းထွန်း(ဘ)ဦးအေးကိုနှင့် ကျောက်တံတား မြို့နယ်၊ (၉)ရပ်ကွက်နေ မောင်ဝေါလုံးဝတန်း(ဘ)ဦးမိုးဟန်တို့ စကားများခိုက်ရန်ဖြစ်ပွါးကြရာမျိုးမင်းထွန်းမှ လက်သီးဖြင့်ထိုးသဖြင့် မောင်ဝေါလုံးဝတန်းမှာ နောက်ပြန်လဲကျသွားပြီး ဦးခေါင်းနှင့် ကတ္တရာလမ်းတို့စောင့်မိကာလဲနေချိန် မျိုးမင်းထွန်းမှ လည်ပင်းအား တက်နင်းခဲ့သောကြောင့် မောင်ဝေါလုံးဝတန်းတွင် ယာချိုစောင်းဖူးရောင်၊ နား၊နှာခေါင်း၊ပါးစပ်တို့တွင် သွေးထွက်ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးသို့တင်ပို့စဉ် သေဆုံးသွားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ၏ဖခင်ဖြစ်သူ ဦးမိုးဟန်မှ အရေးယူပေးပါရန် တိုင်တန်းခဲ့၍ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ) ၈၂၁/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး မျိုးမင်းထွန်းအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Aye Chan Mon# Credit To :Yangon Police > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment