0

ပုဂံဒေသ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းသည် နှစ်သစ်ကူးမတိုင်မီ ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း စံချိန်တင် ၀င်ရောက်လာမှုကြောင့် ကမ္ဘာလှည့်ခရီးသွား အများစု အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သတင်းရရှိသည်။

“ဒီတစ်ရက်နှစ်ရက်မှာ ကမ္ဘာလှည့်ခရီးသွားတွေ စံချိန်တင် ၀င်ရောက်နေတယ်။ ဒီလို ၀င်ရောက်လာတာနဲ့အမျှ အဓိက အခန်းမရတဲ့ ပြဿနာတွေ ကြုံတွေ့ခဲ့ရပါတယ်” ဟု ညောင်ဦးမြို့မှ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ ဦးသန်းနိုင်ဦးကဆိုသည်။

ဒီဇင်ဘာ (၃၀/၃၁) ရက်များတွင် ယခင်က တစ်ရက်လျှင် အများဆုံး ၉၀၀ ကျော်သာ ၀င်ရောက်ခဲ့သည့် ပုဂံညောင်ဦးလေဆိပ်မှ တစ်ရက်လျှင် ကမ္ဘာလှည့်ခရီးသွား ၁၀၀၀ ကျော် စံချိန်တင် ၀င်ရောက်လာခဲ့ပြီး ရေကြောင်းနှင့် ကုန်းလမ်းမှ ၀င်ရောက်မှုများလည်း ယခုရက်ပိုင်းအတွင်း များပြားခဲ့ရာ ပုဂံဒေသတစ်ဝိုက်ရှိ ဟိုတယ်၊ တည်းခိုခန်းများအားလုံး ပြည့်နှက်သွားခဲ့ကြောင်း သိရသည်။

“ရန်ကုန်ကနေ နိုင်ငံခြားသား ဧည့်သည်တွေနဲ့ ကားနှစ်စီးရောက်လာလို့ အကူအညီ လှမ်းတောင်းတယ်။ ညောင်ဦး၊ ပုဂံမြို့ဟောင်း၊ မြို့သစ် ဘယ်မှာမှ အခန်းမရတော့ဘူး။ ဟိုတယ် Meeting Room မှာရမယ်။ ဒါမှမဟုတ် ရင်းနှီးတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ခွင့်တောင်းပြီးတည်းမလား ရွေးချယ်စရာမရှိ ဖြစ်သွားတယ်” ဟု ဒီဇင်ဘာ ၃၀ ရက်ညက ရောက်ရှိလာသော ကမ္ဘာလှည့်ခရီးသွားအဖွဲ့ အခက်တွေ့ခဲ့ရပုံကို ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူက ပြောပြသည်။

ကမ္ဘာလှည့်ခရီးသွား စံချိန်တင် ၀င်ရောက်လာမှုနှင့်အတူ ဧည့်လမ်းညွှန် အခက်အခဲ၊ လေယာဉ်လက်မှတ် အခက်အခဲအချို့လည်း ကြုံတွေ့ခဲ့ရကြောင်း ပို့ဆောင်ရေး ကဏ္ဍတွင် ကားကြီးများထက် မိသားစုသုံး ကားအရွယ်အစားများ အသုံးများသဖြင့် မလောက်ငှမှု အများဆုံး ဖြစ်ခဲ့ရကြောင်း သိရသည်။

ညောင်ဦးဈေးသို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားသား ခရီးသွားများအား ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ်

Aye Chan Mon# Credit To :Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
3

Post a Comment

 
Top