0

ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ဖြစ်သည့် လီဗာပူးလ်အသင်းနှင့် ဟူးလ်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကြမည့် ပွဲစဉ် မတိုင်မီ ဒါဏ်ရာရပွဲပါယ် ကစားသမားများ၊ ထူးခြားချက်များကို တင်ပြအပ်ပါသည်။

လီဗာပူးလ်အသင်းခေါင်းဆောင် စတီဗင် ဂျရတ်ဟာ တံကောက်ကြော ဒါဏ်ရာကြောင့် အနားယူနေခဲ့ရပြီး ယခု လေ့ကျင့်ရေး ပြန်လည်ပြုလုပ်နိုင်ပြီ ဖြစ်သည့်အတွက် ယခုပွဲစဉ်မှာ ပါဝင်လာနိုင်သည်။ ဂျိုး အလန်နှင့် ဆာခိုတို့ကတော့ ချယ်ဆီးအသင်းနှင့် ပွဲစဉ်မှာ ဒါဏ်ရာ အသီးသီး ရရှိခဲ့သည့်အတွက် လွဲချော်ဖွယ် ရှိနေသည်။

ဟူးလ်စီးတီးအသင်းအနေနှင့် စနေနေ့တုန်းက ဖူလ်ဟမ်အသင်းကို ၆ ဂိုးပြတ် အနိုင်ရရှိခဲ့သည့် လူစာရင်းအတိုင်း ပွဲထွက်လာဖွယ် ရှိနေသည်။ တောင်ပံကစားသမား ရော်ဘီ ဘရာဒီကတော့ ပေါင်ခြံ ဒါဏ်ရာကြောင့် စိုးရိမ်ဖွယ် အနေအထား ဖြစ်နေသည်။

☻ ထိပ်တိုက်တွေ့ဆုံမှုအရ ပြီးခဲ့သည့် ဒီဇင်ဘာလထဲက ဟူးလ်စီးတီးအသင်းက ၃-၁ ဂိုးနှင့် အနိုင်ရခဲ့သည့် ပွဲစဉ်ဟာ ဟူးလ်စီးတီးအသင်းအတွက် ပထမဆုံးအကြိမ် လီဗာပူးလ်အသင်းကို အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ၄ ပွဲသရေ၊ ၁၂ ပွဲ ရှုံးနိမ့်ခဲ့ဖူးသည်။

☻ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ၅ ပွဲ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး လီဗာပူးလ်အသင်းက ၃ ကြိမ် အနိုင်ရခဲ့သည်။

☻ ဟူးလ်စီးတီးအသင်းဟာ လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ် ၇ ဂိုး သွင်းယူနိုင်ခဲ့ပြီး စကာတယ်နှင့် ကာရေဂါတို့က ကိုယ့်ဂိုးကို သွင်းယူမိခဲ့မှု ၂ ကြိမ် ပါဝင်ခဲ့သည်။

☻ လီဗာပူးလ်အသင်းဟာ ပြီးခဲ့သည့် ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး ယခုနှစ် ဘောလုံးရာသီမှာ ပထမဆုံးအကြိမ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

☻ ပြီးခဲ့သည့် အိမ်ကွင်း ၆ ပွဲဆက် အနိုင်ရရှိခဲ့ပြီး ယခုနှစ် ကစားခဲ့သည့် အိမ်ကွင်း ပွဲစဉ် ၉ ပွဲမှာ လီဗာပူးလ်အသင်းက ၈ ပွဲ အနိုင်ရရှိထားသည်။

☻ လီဗာပူးလ်အသင်းဟာ ယခုနှစ် အိမ်ကွင်း ပွဲစဉ်များမှာ ၂၅ ဂိုး သွင်းယူနိုင်ခဲ့ပြီး လီဗာပူးလ်ထက် အိမ်ကွင်းဂိုး ပိုမိုသွင်းယူနိုင်သည့် အသင်းဟူ၍ မန်စီးတီး (၃၈ ဂိုး) တစ်သင်းတည်းသာ ရှိသည်။

☻ လူးဝစ် ဆွာရက်ဟာ ယခုနှစ် ပရီးမီးယားလိဂ်မှာ ၁၉ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဖြစ်ပြီး ၁၆ ဂိုးဟာ ဇယားအောက်ပိုင်း အသင်းများကို သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဇယားအထက်ပိုင်း အသင်းများနှင့် တွေ့ဆုံခဲ့သည့် ပွဲစဉ်များမှာ ၃ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ (အဲဗာတန်ကို ၂ ဂိုး၊ စပါးကို ၁ ဂိုး)

☻ လီဗာပူးလ်အသင်းဟာ ပထမပိုင်းသွင်းဂိုး ၁၄ ဂိုး ရှိခဲ့ပြီး ပထမပိုင်းအကောင်းဆုံး ခြေစွမ်းပိုင်ဆိုင်သည့် အသင်းများထဲမှ တစ်သင်း ဖြစ်သည်။

☻ ဟူးလ်စီးတီးအသင်းဟာ ဖူလ်ဟမ်အသင်းကို ၆ ဂိုးပြတ် အနိုင်ယူခဲ့ပြီး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့သည်။

☻ အဆိုပါ နိုင်ပွဲမှာ ရောဘတ် ကိုရင် က ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဟူးစီးတီးကစားသမားတစ်ယောက်အနေနှင့် ယခုနှစ်မှာ ပထမဆုံးအကြိမ် ပွဲတစ်ပွဲမှာ တစ်ဂိုးနှင့်အထက် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ☻လ

☻ ဟူးလ်စီးတီးအသင်းဟာ ဇန်နဝါရီလမှာ ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲများမှာ တစ်ပွဲမှ အနိုင်မရခဲ့ဖူးပေ။ ၃ ပွဲသရေ ၄ ပွဲ ရှုံးနိမ့်ခဲ့သည်။

☻ ဟူးလ်စီးတီး မန်နေဂျာ စတိဗ် ဘရုစ်ဟာ ၂၀၀၄-၀၅ ခုနှစ် ဘာမင်ဂမ်အသင်းမှာကိုင်တွယ်ခဲ့စဉ်က လီဗာပူးလ်အသင်းကို အိမ်ကွင်း၊ အဝေးကွင်း နိုင်ပွဲ ရယူနိုင်ခဲ့ပြီး ယခု ဒုတိယအကြိမ်မြောက် အိမ်ကွင်း၊ အဝေးကွင်းနိုင်ပွဲ ရယူဖို့ ကြိုးပမ်းလာမည် ဖြစ်သည်။

☻ ဖူလ်ဟမ်အသင်းကို ၆ ဂိုးပြတ် အနိုင်ရခဲ့သည့် ဟူးလ်စီးတီးအသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်မှာ ၅ ဂိုးနှင့်အထက် သွင်းယူနိုင်သည့် စတုတ္ထမြောက် အသင်းဖြစ်လာသည်။ (လီဗာပူးလ်၊ မန်စီးတီး၊ နယူးကာဆယ်)

Written by အောင်စိုးမိုး(နတ်ရွာ)


Aye Chan Mon# Credit To : Football Café > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
2Like ·  · 

Post a Comment

 
Top