0

မဇ္ဈိမ| သောကြာနေ့၊ ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၁၃ ခုနှစ်

ကမ္ဘာ့မိုဘိုင်းဖုန်း ဈေးကွက်ကို ပြောင်းလဲစေမည့် နည်းပညာသစ်ဖြစ်သည့် touch panel အသစ်များကို Samsung နှင့် LG တို့က ထုတ်လုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းနည်းပညာကို LG ကလည်း အရင်လကပြသခဲ့ပြီး လက်ရှိ touch panel များထက် ဈေးနှုန်းအားဖြင့် သုံးပုံပုံ တစ်ပုံ သက်သာသည်ဟုဆိုပြီး Samsung ၏ Touch panel သည်လည်း ဈေးသက်သာမည်ဟု ဆိုသည်။

Touch Panel သည် ဖန်သားပြင် အောက်မှခံထားပေးသည့် လက်နှင့်တို့ ထိမှုကို အကြောင်းပြန်ခြင်း၊ အလုပ် လုပ်ဆောင်ပေးသည့် Layerတစ်ခုဖြစ်ပြီး ယင်း Layerသစ်ကို တောင်ကိုရီးယား၏ ထိပ်တန်း ကုမ္ပဏီ နှစ်ခုဖြစ်သည့် Sasmungနှင့် LGတို့က တွေ့ရှိ ဖန်တီးလိုက်ခြင်းဖြစ်သည်။

အဆိုပါ Touch Panel သည် ယခင်က အသုံးပြုတဲ့ Indium panel ကို metal mesh နှင့် အစားထိုးခြင်း ဖြစ်ပြီး ဈေးနှုန်းအားဖြင့် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးထားကြောင်း သိရသည်။

အဆိုပါ Touch Panel သည် အရည်အသွေးအားဖြင့်လည်း အရင်က Panel များထက် ပိုကောင်းခြင်း၊ ထိတွေ့မှုအကြောင်း ပြန်နိုင်ရန် ကြားခံ ဒစ်ဂျစ်တယ်အလွှာ ခံပေးစရာမလိုခြင်း၊ တုံ့ပြန်မှု အချိန်သည် လည်း ယခင်ကထက် ပိုမို မြန်ဆန်ခြင်းများကို ရမည်ဖြစ်သည်။ အဆိုပါ Touch Panel ကွေးကောက် မျက်နှာပြင် စမတ်ဖုန်းတွေထဲမှာ ထည့်သွင်းအသုံးပြုနေပြီး ဖြစ်သည်။

ထို့ကြောင့် ယခုအခါ LGနှင့် Samsungက ထုတ်သည့် စမတ်ဖုန်းတိုင်းတွင် အသုံးပြုသွားမည်ဖြစ်အပြင် အခြား မိုဘိုင်းဖုန်း ကုမ္ပဏီများသို့လည်း အဆိုပါ Touch Panelနည်းပညာသစ်ကို ရောင်းချသွားမည်ဖြစ် သည်။ ယင်းMetal Mesh Touch Panel အသစ်ကြောင့် ကမ္ဘာ့မိုဘိုင်းဖုန်း ဈေးနှုန်းကျဆင်းလာစေမည် ဟု မျှော်လင့်လျက်ရှိကြောင်း သိရသည်။

Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :Mizzima - News in Burmese

Post a Comment

 
Top