0


ရန်ကုန်၊ နိုဝင်ဘာ ၃၀

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးရန် ဒုတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို ဒီဇင်ဘာလ ၂၈ ရက်တွင် ခေါ်ယူမည် ဖြစ်ကြောင်း ယင်းပါတီ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့် က ပြောကြားသည်။

NLD ပါတီ၏ ဒုတိယအကြိမ် ဗဟိုကော်မတီဝင် အစည်းအဝေးကို ဒီဇင်ဘာလ ၂၈ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး အစည်းအဝေး နေရာကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

NLD ပါတီ၏ ပထမအကြိမ် ဗဟိုကော်မတီ ရွေးချယ်ရေးညီလာခံကို ယခုနှစ် မတ်လက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင်ကျင်းပခဲ့ပြီး ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၁၅ ဦးနှင့် ဗဟိုကော်မတီဝင် ၁၅၀ ဦးရွေးချယ်ခဲ့ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

ယင်းပါတီ၏ လက်ရှိလုပ်ဆောင်မှု အခြေအနေနှင့် ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စရပ်များကို ခြောက်လလျှင် တစ်ကြိမ် ပြုလုပ်ရန် စီစဉ်ထားပြီး မြန်မာ့နိုင်ငံရေး အခြေအနေများကို ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါတီဝင်များက ပြောကြားသည်။

အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top