Friday, December 13, 2013
FIFA World Cup ပြိုင်ပွဲတွင် ချီးမြှင့်မည့် ကမ္ဘာ့ဆုဖလားကြီးကို
ကမ္ဘာအနှံ့သို့ လှည့်လည်ပြသရေး အစီအစဉ်အရ မြန်မာနိုင်ငံသို့
ဒီဇင်ဘာ ၂၅ ရက်တွင် ရောက်ရှိ လာမည်ဖြစ်ကြောင်း မြန်မာ
ဘောလုံးအဖွဲ့ချုပ်မှ သိရ သည်။
အဆိုပါကမ္ဘာ့ဆုဖလားကြီးကို ရန်ကုန်မြို့ သုဝဏ္ဏရှိ မိုးလုံလေလုံ အားကစားရုံတွင် ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ
ကြည့်ရှုနိုင်ရန် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာ့ဘောလုံး
အဖွဲ့ချုပ် Coca Cola အချိုရည် ကုမ္ပဏီတို့က ပထမဆုံးပူးပေါင်း
တင်ဆက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
''ကမ္ဘာ့ဆုဖလားကြီးကို မြန်မာ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၉ဝ
ကျော်မှာ လှည့်လည်ပြသသွားမှာ ပါ။ ဒီကမ္ဘာ့ဆုဖလားကြီးက ရွှေ
အစစ်နဲ့လုပ်ထားတာဖြစ်လို့ ကမ္ဘာ့ ဘောလုံးပွဲမှာအနိုင်ရတဲ့အသင်းကို
ဆုပေးပြီး ကိုင်မြှောက်ခွင့်အထိပေး ထားတယ်။ ပြီးတော့ ကမ္ဘာ့ဘောလုံး
အဖွဲ့ချုပ်ကို ပြန်ပေးခဲ့ရတာ''ဟု မြန်မာ့ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦး
က ပြောကြားခဲ့သည်။
ယင်းကမ္ဘာ့ဆုဖလား၏ ရွှေ အလေးချိန်မှာ ၁၃ ဒသမ ၆၁
ပေါင် (၁၈ ကာရက်)ရှိကာ ဆု ဖလားအမြင့်မှာ ၁၄ ဒသမ ၅
လက်မရှိပြီး ဆုဖလားအောက်ခြေတွင် အလှဆင်သတ္တုစိမ်းနှစ်လွှာပါ
ရှိကြောင်းနှင့် ဆုဖလားအောက်ခြေ မျက်နှာပြင်တွင် ကမ္ဘာ့ဖလားရရှိ
သော နိုင်ငံများ၏ အမည်များကို ၁၉၇၄ ခုနှစ်မှစ၍ ကမ္ပည်းရေးထိုး
ထားကြောင်း၊ ယင်းဆုဖလားကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ
နာမည်ကျော် Christ the Redeemer အရုပ်ရှေ့မှ စက်တင်ဘာလ
မှစတင်၍ သယ်ဆောင်ခဲ့ခြင်းဖြစ် ကြာင်း သိရသည်။
သိုက်ရာဇာ
Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :မြ၀တီ

Post a Comment